နေပြည်တော် ၂၁ မတ်
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာနသည် တရားမဝင် သစ်နှင့်သစ်တောထွက်ပစ္စည်းများ ရှာဖွေဖော်ထုတ်ဖမ်းဆီးလျက်ရှိရာ မတ် ၁၁ ရက်မှ ၁၇ ရက်အထိ နေပြည်တော်ကောင်စီနယ်မြေနှင့် တိုင်းဒေသကြီး/ ပြည်နယ် သစ်တောဦးစီးဌာနများမှ ပေးပို့လာသောစာရင်းများအရ တရားမဝင်ကျွန်း(၇၉ ဒသမ ၁၂၃၃)တန်၊ သစ်မာ(၆၈ ဒသမ ၃၄၇၀) တန်နှင့် အခြား(၃၃၅ ဒသမ ၁၈၂၈)တန်၊ စုစုပေါင်း(၄၈၂ ဒသမ ၆၅၃၁)တန်၊ ပြစ်မှုကျူးလွန်သူ (၅၅)ဦးနှင့် ယာဉ်/ယန္တရား(၃၄)စီး တို့ကိုဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
အဆိုပါ ဖမ်းဆီးရမိမှုများအနက် အများဆုံးသည် ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ မြစ်ကြီးနား မြို့နယ်၊ မြောက်ပိုင်းဘိနယ် အပိုင်း(၃)၊ နန်ကျင်ကျေးရွာမြောက်ဘက်(၁) မိုင်ခန့် နှင့် (၂)မိုင်ခန့်အကွာတို့မှ တရားမဝင် အခြားသစ်(၅၄)လုံး (၅၁ ဒသမ ၂၆၈၀)တန် ပိုင်ရှင်မဲ့ ဖမ်းဆီးရမိခဲ့ကြောင်း သတင်းရရှိသည်။
မောင်လူမော်


