မြို့သစ် ၂၂ မတ်
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင် မြို့သစ်မြို့နယ် စည်သာကြိုးဝိုင်း သဘာဝတောကျန်များ ထိန်းသိမ်းကာကွယ်တော ဧက ၂၀ဝ၀ အတွင်း သဘာဝတောတိုး ဓမ္မတာမျိုးဆက်ခြင်း ဧက ၂၀ဝ မှ ထွက်ရှိသည့် ထင်း(၁၀)တန်ကျော်ကို မြို့သစ်မြို့နယ် စည်သာကျေးရွာဒေသခံပြည်သူများ အခမဲ့ဖြန့်ဝေပေးခြင်းကို ယနေ့နံနက်(၈)နာရီက စည်သာကျေးရွာအနီး အပူပိုင်းဒေသကြီး စိမ်းလန်းစိုပြည်ရေးဦးစီးဌာန အမှတ်(၁) သဘာဝတောထိန်းပင်မစခန်းတွင် ကျင်းပခဲ့သည်။
အခမ်းအနားတွင် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးသန်းဆွေက အဖွင့်အမှာစကားပြောပြီး အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာန မြို့သစ်မြို့နယ်ဦးစီးအရာရှိ ဦးမိုးဇော်နိုင်တို့က သစ်တောသစ်ပင်များ မပြုန်းတီးစေရန်အတွက် ကာကွယ်ထိန်းသိမ်းစောင့်ရှောက်ရမည့်အကြောင်းအရာများကို ရှင်းလင်းပြောကြားသည်။
ထို့နောက် သဘာဝတောတိုး ဓမ္မတာမျိုးဆက်ခြင်းဧက(၂၀ဝ)မှ ထွက်ရှိသည့် ထင်း(၁၀)တန်ကျော်ကို ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက ကျေးရွာပြည်သူများထံ အခမဲ့ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
သန်းဝင်းထွန်း(မြို့သစ်)


