ရန်ကုန် ၂၂ မတ်
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာန၊ မသန်စွမ်းသူများအတွက် အီလက်ထရောနစ် တစ်နှစ်သင်တန်းနှင့် သုံးလသင်တန်းများဖြစ်သည့် စက်ချုပ်သင်တန်း၊ တံဆိပ်ရိုက်သင်တန်း၊ ဓာတ်ပုံသင်တန်း၊ ဆံသသင်တန်း၊ ကွန်ပျူတာသင်တန်းများကို မေ ၁၃ မှ စတင်သင်ကြားပေးမည်ဖြစ်၍ လျှောက်ထားနိုင်ကြောင်း သိရသည်။
တက်ရောက်လိုသူများ အနေဖြင့် အမှတ် ၆၅၊ ကျိုက်ဝိုင်းဘုရားလမ်း၊ ရန်ကုန်မြို့၊ မရမ်းကုန်းမြို့နယ်ရှိ လူမှုဝန်ထမ်းအတတ်သင်သိပ္ပံကျောင်းဝင်းအတွင်း မသန်စွမ်း သက်ကြီးသင်တန်း ကျောင်း၊ ဖုန်း ဝ၁-၉၆၆၁၇၁၂၊ ဝ၉၂၅၀၁၃၀၃၄၂ နှင့် ဝ၉၄၂၁၀ဝ၃၅၆၀ တို့သို့ ရုံးချိန်အတွင်း ဆက်သွယ်စုံစမ်းနိုင်ကြောင်း၊ သင်တန်းကာလအတွင်း သင်တန်းသားများ၏ နေထိုင်စားသောက်စရိတ်၊ လစဉ်သင်ထောက်ကူပြုပစ္စည်းနှင့် ထောက်ပံ့ကြေးငွေ အိမ်ပြန်ခရီးစရိတ်တို့ကို ပံ့ပိုးပေးမည်ဖြစ်ကြောင်း အဆိုပါ သင်တန်းကျောင်းမှ ကြေညာထားသည်။
(သတင်းစဉ် )


