နေပြည်တော် ၂၂ မတ်


e-Government အကောင်အထည်ဖော်ရေး လုပ်ငန်းကော်မတီ၏ ကွန်ပျူတာသုံး မြန်မာစာစနစ်(ပြည်ထောင်စု ဖောင့်နှင့်ကီးဘုတ်) စတင်အသုံးပြုနိုင်ရေး နည်းပညာရှင်းလင်းပွဲကို ယနေ့ မွန်းလွဲ ၁ နာရီက ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ရုံးအမှတ်(၂) နေပြည်တော်တွင် ကျင်းပရာ e-Government အကောင်အထည်ဖော် ရေး လုပ်ငန်းကော်မတီ အတွင်းရေးမှူး သတင်းအချက်အလက် နည်းပညာနှင့် ဆိုက်ဘာလုံခြုံရေးဦးစီးဌာန ခေတ္တ ညွှန်ကြားရေးမှူးချုပ် ဦးစိုင်းစောလင်းထွန်းက အဖွင့်အမှာစကား ပြောကြားသည်။


ထို့နောက် e-Government အကောင်အထည်ဖော်ရေး လုပ်ငန်းကော်မတီ စံသတ်မှတ်ရေး ဆပ်ကော်မတီမှ ဒေါက်တာ ထွန်းသူရသက်က နည်းပညာဆိုင်ရာ ကိစ္စရပ်များ ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရသည်။


MDN