ရန်ကုန် ၂၂  မတ်     


ရန်ကုန်မြို့တော် စည်ပင်သာယာ ရွေးကောက်ပွဲကို မတ်လ ၃၁ ရက်နေ့၌ ရန်ကုန်တိုင်းဒေသကြီး စည်ပင်သာယာနယ်နိမိတ် အတွင်းရှိ   မြို့နယ်များ၌ တစ်ပြိုင်နက် ကျင်းပပြုလုပ်သွားမည်ဖြစ်ရာ ဒလ မြို့နယ်၌ မြို့နယ်စည်ပင်သာယာ ရွေးကောက်ပွဲတွင် မဲရုံပေါင်း ၁၈၀ ထားရှိမည်ဖြစ်ကြောင်း မြို့နယ်စည်ပင် သာယာရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲမှ သိရသည်။ အဆိုပါ မဲရုံများတွင် တာဝန်ထမ်းဆောင်ကြမည့် မဲရုံမှူး၊ ဒုမဲရုံမှူးနှင့် မဲရုံအဖွဲ့ဝင်များအား ရွေးကော်ပွဲဆိုင်ရာ အသိပညာပေး ဆင့်ပွားသင်တန်းကို ယနေ့နံနက်က မြို့နယ်သီရိဇယျနော်ရထာ ခန်းမ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။


ဒလမြို့နယ်အတွင်း ရပ်ကွက်(၂၄)ရပ်ကွက်၊ ကျေးရွာအုပ်စု(၂၃)အုပ်စု ကျေးရွာပေါင်း(၅၄)ရွာရှိပြီး လူဦးရေ စုစုပေါင်း(၁၆၂၈၉၃)ဦး နေထိုင်လျက်ရှိရာ အသက်(၁၈)နှစ်အထက် လူဦးရေ စုစုပေါင်း (၁၁၅၁၃၆) ဦးရှိကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။ မြို့နယ်စည်ပင်သာယာ ရွေးကောက်ပွဲတွင် ဝင်ရောက် အရွေးချယ်ခံမည့်သူ (၆) ဦးရှိကြောင်း သိရသည်။    


မတ်လ(၃၁)ရက်နေ့တွင် ကျင်းပမည့် ရန်ကုန်မြို့တော် စည်ပင်သာယာ ရွေးကော်ပွဲတွင် ဆန္ဒမဲပေးနိုင်ရန် နံနက် (၆)နာရီ မှ ညနေ(၄) နာရီအထိ သက်ဆိုင်ရာ မြို့နယ်ရှိ မဲရုံများတွင် တစ်ပြိုင်နက် ဖွင့်လှစ်ထားမည်ဖြစ်သည်။


ဆန္ဒမဲ လာရောက်ပေးမည့်သူသည် မြို့တော်စည်ပင် သာယာရေးကော်မတီ ကိုယ်စားလှယ်လောင်းအတွက် (၁)မဲ၊ မြို့နယ်စည်ပင်သာယာရေးကော်မတီ ဥက္ကဌ ကိုယ်စားလှယ်လောင်း အတွက် (၁)မဲ၊ မြို့နယ်စည်ပင်သာယာရေးကော်မတီ အဖွဲ့ဝင်(၁) ကိုယ်စားလှယ်လောင်းအတွက် (၁)မဲ၊ မြို့နယ်စည်ပင်သာယာရေးကော်မတီ အဖွဲ့ဝင်(၂) ကိုယ်စားလှယ်လောင်းအတွက် (၁)မဲ၊ စုစုပေါင်း မဲ(၄)မဲ ပေးရမည်ဖြစ်ပြီး ဆန္ဒမဲပေးပုံ၌ ဆန္ဒမဲလက်မှတ်ပေါ်တွင် မိမိမဲပေးလိုသည့် ကိုယ်စားလှယ်လောင်း၏ အမည်နှင့် သင်္ကတ အမှတ်သား တည့်တည့်တွင်ရှိသော လေးထောင့်အကွက်၌ (အမှန်) အမှတ်အသားကို ဘောပင်ဖြင့် ဆန္ဒပြုရမည်ဖြစ်ကြောင်း သိရသည်။


နိုင်လင်းကျော်(ဒလ)