ကန်ကြီးထောင့်  ၂၄ မတ်  

 


စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး၊ ကန်ကြီးထောင့်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ပြန်လည်စွန့်လွှတ်မြေအား မူလပိုင်ရှင်ထံ လွှဲပြောင်းပေးအပ်ပွဲ အခမ်းအနားကို မတ် ၂၄ ရက် နံနက် ၁၀ နာရီက မြို့နယ်အထွေအထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

 

w

 

အခမ်းအနားတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် စိုက်ပျိုးရေး၊ မွေးမြူရေး၊ သယံဇာတနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာန ဝန်ကြီး ဦးတင်အောင်ဝင်းနှင့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးရွှေလှကြိုင်တို့က အမှာစကား ပြောကြားသည်။ ဆက်လက်၍ ဝန်ကြီးနှင့် တာဝန်ရှိသူများက စိုက်ပျိုးရေးဦးစီးဌာနမှ ပြန်လည်စွန့်လွှတ်မြေဧရိယာ (ဝ.၂၂) ဧကနှင့် ပက်သက်သော စာရွက်စာတမ်းများကို ပေးအပ်ရာ မူလပိုင်ရှင် ဦးမြမောင်မှ လက်ခံရယူပြီး ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။

 


အဆိုပါအခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးနှင့် လွှတ်တော်ကိုယ်စားလှယ်များ၊ တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများ တက်ရောက်ခဲ့ကြောင်း သိရှိရသည်။

 


နန်းထိုက် (KGD)