ရန်ကုန်  ၂၄  မတ် 

 

အနုပညာအထက်တန်းကျောင်း (ရန်ကုန်) ၏ ၂၀၁၈-၂၀၁၉ ပညာသင်နှစ် သင်တန်းဆင်း အောင်လက်မှတ် အပ်နှင်းပွဲ၊ ပန်းချီ၊ ပန်းပုလက်ရာမွန်ပြပွဲနှင့် စွမ်းရည်ပြတင်ဆက်ကပြပွဲ အခမ်းအနားကို ယနေ့မွန်းလွဲ တစ်နာရီက ရန်ကုန်မြို့ရှိ အမျိုးသားဇာတ်ရုံ၌ ကျင်းပသည်။

 

အခမ်းအနားသို့ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကြည်မင်း၊ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်၊ အနုပညာဦးစီးဌာန တာဝန်ခံညွှန်ကြားရေးမှူးချုပ် ဦးထွန်းအုံ၊ အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ် ပါမောက္ခချုပ် ဦးအောင်နိုင်မြင့်နှင့် တာဝန်ရှိသူများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ၊ သင်တန်းဆင်း ကျောင်းသား၊ ကျောင်းသူများနှင့် ၎င်းတို့၏ မိဘဆွေမျိုးများ တက်ရောက်ကြသည်။

 

ရှေးဦးစွာ ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများသည် သင်တန်းဆင်းကျောင်းသား၊ ကျောင်းသူများ၏ ကျောင်းဆင်းလက်ရာမွန် ပန်းချီကားများကို လှည့်လည်ကြည့်ရှု အားပေးသည်။

 

1

 

ထို့နောက် ဒုတိယဝန်ကြီးက အဖွင့်အမှာစကားပြောကြားပြီး ထူးချွန်ဆုရရှိသူ ကျောင်းသား၊ ကျောင်းသူ (၁၀)ဦးအားဂုဏ်ပြုဆုတံဆိပ်များ ပေးအပ်ချီးမြှင့်သည်။ 

 

ဆက်လက်၍ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန အမြဲတမ်း အတွင်းဝန်၊ အနုပညာဦးစီးဌာန တာဝန်ခံညွှန်ကြားရေးမှူးချုပ် ဦးထွန်းအုံက ပန်တျာဌာန သင်တန်းဆင်း ကျောင်းသား၊ ကျောင်းသူ ၂၆ ဦးအား သင်တန်းဆင်းအောင်လက်မှတ်များကို လည်းကောင်း၊ အနုပညာဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးလှိုင်ဝင်းမောင်က ပန်းချီပန်းပုဌာန သင်တန်းဆင်းကျောင်းသား၊ ကျောင်းသူ ရှစ်ဦးနှင့် ပန်းချီညနေ(အချိန်ပိုင်း) သင်တန်းဆင်း ကျောင်းသား၊ ကျောင်းသူ ခုနစ်ဦးအား လည်းကောင်း သင်တန်းဆင်း အောင်လက် မှတ်များ ပေးအပ်ချီးမြှင့်သည်။

 

ထို့နောက် ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများသည်  ကျောင်းသား၊ ကျောင်းသူများ၏ သင်တန်းဆင်းစွမ်းရည်ပြတင်ဆက်ကပြပွဲနှင့် ဇာတ်တော်ကြီး ဖျော်ဖြေတင်ဆက်မှုများကို ကြည့်ရှုအားပေးပြီး ဆုများပေးအပ်ချီးမြှင့်ခဲ့သည်။

 

သတင်းနှင့်ဓာတ်ပုံ-ဇော်ကြီး

 

2