ပုသိမ်  ၂၄  မတ် 

 

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၊ လေးကျွန်းရန်အောင်ဖောင်တော်ဦးစေတီတော်မြတ်ကြီး ရွှေထီးတော်၊ငှက်မြတ်နားတော်၊ ရတနာစိန်ဖူးတော်များ အသစ်တင်လှူပူဇော်ပွဲနှင့် ဗုဒ္ဓါဘိသေကအနေကဇာတင် မဟာမင်္ဂလာအခမ်းအနားကို ယနေ့နံနက်ပိုင်းက အဆိုပါစေတီတော်ဝန်းအတွင်း၌ ကျင်းပသည်။

 

အခမ်းအနားတွင် တက်ရောက်လာသည့် ဧည့်ပရိတ်သတ်များက နိုင်ငံတော် ဩဝါဒစရိယ၊ အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မ ဇောတိကဓဇ ဘဒ္ဒန္တဝိသုတ၊ ပုသိမ်မြို့၊ နိဂြောဓာရုံ ညောင်ပင်သာဆရာတော်ကြီးထံမှ ကိုးပါးသီလခံယူဆောက် တည်ပြီး၊ ဆရာတော် သံဃာတော်အရှင်သူမြတ်များ ထံမှ မေတ္တသုတ်ပရိတ် တရားတော်များကို နာယူကြသည်။ 

 

ထို့နောက် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ အကျိုးတော်ဆောင် အဂ္ဂမဟာ ပဏ္ဍိတ အဂ္ဂမဟာဇောတိကဓဇ ဘဒ္ဒန္တ စန္ဒိမာဘိဝံသ သန်လျှင်မြို့၊ မင်းကျောင်း ပထမပြန် စာသင်တိုက်ဆရာတော်ကြီးနှင့် ဧရာဝတီတိုင်းဒေသကြီး သံဃနာယက အဖွဲ့ဥက္ကဋ္ဌ အဂ္ဂမဟာဂန္တာဝါစက ပဏ္ဍိတ၊ဘဒ္ဒန္တသောဘိတ ပုသိမ်မြို့ မရမ်းချိုကျောင်း တိုက် ဆရာတော်ကြီးတို့ထံမှ ဩဝါဒကထာများ နာယူကြသည်။

 

ယင်းနောက် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုနှင့် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးလှမိုးအောင်တို့က စိန်ဖူးတော် ဌက်မြတ်နားတော်များအား ဆရာတော်သံဃာတော်မြတ်များ ထံဆက်ကပ်ကြသည်။ ထို့နောက် ဦးဇေသီဟ နှင့် အကယ်ဒမီ နန္ဒာလှိုင်(ဇေကမ္ဘာမိသားစု) တို့က စိန်ဖူးတော်၊ ငှက်မြတ်နားတော်၊ရွှေထီးတော် တင်လှူပွဲအခမ်းအနားအတွက် အလှူတော်ငွေ ကျပ်သိန်း(၅၀ဝ)နှင့် လေးကျွန်းရန်အောင် ဖောင်တော်ဦး စေတီတော်မြတ်ကြီး အဝင် လမ်းမကြီး ခင်းရန်အတွက် အလှူတော် ငွေကျပ်သိန်း(၄၀ဝ)ကို ပေးအပ်လှူဒါန်း ကြသည်။

 

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး၊ ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် မြန်မာနိုင်ငံလုံးဆိုင်ရာ ထေရဝါဒဗုဒ္ဓဘာသာအဖွဲ့ချုပ်နှင့် နယ်စပ်တောင်တန်းဒေသ သာသနာနုဂ္ဂဟအသင်း(ဗဟို) ဥက္ကဋ္ဌ ဝဏ္ဏကျော်ထင် ဒေါက်တာ ဦးခင်ရွှေတို့က သာသနာရေးဆိုင်ရာကိစ္စများ လျှောက်ထားကြသည်။

 

ထို့နောက် ပြည်ထောင်စုဝန်ကြီး၊ ဝန်ကြီးချုပ်နှင့် အလှူရှင်မိသားစုများ၊ ဧည့်ပရိသတ်များက နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ တွဲဘက်အကျိုးတော်ဆောင် အဂ္ဂမဟာ ပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မ ဇောတိကဓဇ မော်ကျွန်းဆရာတော် ဒေါက်တာ ဘဒ္ဒန္တ စိန္တိတာလင်္ကာရ အရှင်သူမြတ်ထံမှ အနုမောဒနာတရား နာကြားပြီး ဒုတိယ ကျိုက်ထီးဆောင်းဆရာတော်အရှင်သူမြတ်က လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်း ချအမျှပေးဝေခဲ့သည်။

 

ယင်းနောက်  ပြည်ထောင်စုဝန်ကြီး၊ တိုင်းဒေသကြီးဝန်ကြီးချုပ်၊ အလှူရှင် ဇေကမ္ဘာ မိသားစုအမှူးပြုသော ဘုရားဒါယကာ၊ ဒါယိကာမများက စိန်ဖူးတော်၊ ဌက် မြတ်နားတော်နှင့် ရွှေထီးတော်ဘုံအဆင့်ဆင့်များကို ဒေဝါဝင်း၊ ရာဇာဝင်းခြံရံလျှက် ပင့်ဆောင်ကာ စေတီတော်မြတ်ကြီးအား လင်္ကျာရစ် တစ်ပတ်လှည့်လည်အပူဇော်ခံပြီး စေတီတော်အထွဋ်သို့ တင်လှူပူဇော်ခဲ့ကြကြောင်း သိရသည်။ 

 

တိုင်းဒေသကြီးပြန်/ဆက်

 

_DSC3