စေတုတ္တရာ ၂၅ မတ်    


မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်း၍ မြို့နယ်အားကစားနှင့်ကာပညာကော်မတီ ဥက္ကဋ္ဌဖလား အပြည်ပြည်ဆိုင်ရာ စစ်တုရင်ပြိုင်ပွဲကို မတ်လ ၂၅ ရက်နေ့ နံနက်(၉)နာရီအချိန်က လူထုအခြေပြုဗဟိုဌာန ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။


အဆိုပါပြိုင်ပွဲကို မတ် ၂၅ ရက်မှ ၂၆ ရက် အထိ ကျင်းပသွားမည်ဖြစ်ကာ ပြိုင်ပွဲတွင် အနိုင်ရရှိသူများအား ၂၆ ရက်နေ့တွင် ဆုများချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။


စည်သူလွင်(ပြန်/ဆက်)