ကျွန်းလှ ၂၅ မတ်   


စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနတွင် (၃)ခန်းတွဲ ဝန်ထမ်းအိမ်ရာ တည်ဆောက်ရေး ပန္နက်တင် မင်္ဂလာအခမ်းအနားကို မတ် ၂၅ ရက်နေ့ နံနက် (၈) နာရီက ရွှေကျွန်းမြေအားကစားကွင်း၌ ကျင်းပကြောင်း သိရသည်။


ရှေးဦးစွာ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးအောင်မျိုးဦး၊ မြို့နယ်စီမံခန့်ခွဲမှုကော်မတီများ၊ ဌာနဆိုင်ရာများ၊ မြို့နယ်အားကစားနှင့် ကာယပညာ ကော်မတီများ၊ တာဝန်ရှိသူများက ပန္နက်တင်ပေးကြသည်။


အဆိုပါ ဝန်ထမ်းအိမ်ရာ(အရှည် ၆၀×အကျယ် ၃၄) ပေအား၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် တိုင်းဒေသကြီးအစိုးရအဖွဲ့ ငွေလုံးငွေရင်းခွင့်ပြုရန်ပုံငွေကျပ် (၅၇ ဒသမ ၄) သန်းဖြင့် Linn Attitude ကုမ္ပဏီ အင်ဂျင်နီယာ ဒေါ်နီနီလင်းက တာဝန်ယူတည်ဆောက်မည်ဖြစ်ကြောင်း သိရသည်။


မျိုးဝင်းညို(ကျွန်းလှ)