ကလော ၂၆  မတ် 


ရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီးခရိုင် ကလောမြို့နယ်တွင် One State- One Township Project  အရ ဆောင်ရွက်သည့် အမှိုက်ကင်းစင်ရေးနှင့် မူးယစ်ဆေးဝါးကင်းစင်ရေးလုပ်ငန်းများကို မတ်လ ၂၃ရက် နံနက်ပိုင်းမှစ၍ စတင် အကောင်အထည်ဖော်ဆောင်ရွက်နေပြီဖြစ်ကြောင်း သိရသည်။


ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးခင်မင်း ဦးဆောင်သည့် မြို့နယ်အမှိုက်ကင်းစင်ရေး ဦးစီးကော်မတီအဖွဲ့က  ပြည်ထောင်စုလမ်းမကြီးတစ်လျှောက်တွင် အမှိုကိပုံးကြီး ၁၂ ပုံး၊ ကလောမြို့တွင်းရှိ မိန်းလမ်း၌ အမှိုက်ပုံသေး ၁၂ပုံးများကို လိုက်လံချခဲ့ပြီး မြို့နယ်အတွင်း အမှိုက်ကင်းစင်ရေးလုပ်ငန်းအတွက် ပြည်သူလူထုနှင့်တွေ့ဆုံပြီး အသိပညာပေးခြင်းလုပ်ငန်း များကို ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ သိရသည်။ 


MDN

 

1