မိုင်းဖြတ် ၂၆ မတ်
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဖြတ်မြို့နယ်တွင် ဝမ်လုံးကျေးရွာအုပ်စု၊ ကွင်းအမှတ်(၁၈-က)တွင် ပူးပေါင်း စစ်ဆေးရေးဂိတ်အဖြစ် ပြန်လည်သိမ်းဆည်းခဲ့သည့် လယ်ယာမြေ(၂.၂၅၉)ဧကအနက်မှ (၁.၁၄၁) ဧကအား မြို့နယ်လယ်ယာမြေများ သိမ်းဆည်းခံရမှုများ ပြန်လည်စိစစ်ရေးကော်မတီမှ မူလမြေပိုင်ရှင် ၅ ဦးထံ မြေပြန်လည်ပေးအပ်ပွဲ အခမ်းအနားကို ယနေ့ နံနက်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေး ခန်းမ၌ ကျင်းပပြုလုပ်သည်။
အခမ်းအနားတွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးလင်းဇော်ထွန်းနှင့် တာချီလိတ်ခရိုင်၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးမြင့်နိုင်တို့က အမှာစကား ပြောကြားသည်။ ထို့နောက် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးလင်းဇော်ထွန်း၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးမြင့်နိုင်၊ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်များဖြစ်သည့် ဦးစိုင်ကျောက်နှင့် ဦးအားကို၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသက်လွင်တို့က မူလမြေပိုင်ရှင်များဖြစ်သည့် ဒေါ်စောစန္ဒာထွန်း၊ ဦးမိုးနိုင်ထွန်း၊ ဦးစိုးမိုးထွန်း၊ ဒေါ်နန်းအင်ခမ်း၊ ဦးတင်ဝင်းတို့ထံ စုစုပေါင်း (၁.၁၄၁)ဧကကို ပြန်လည်ပေးအပ်ခဲ့သည်။ ယင်းနောက် မိမိတို့မြေယာများကို ပြန်လည်ရရှိသည့်အတွက် မူလပိုင်ရှင်များက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။
အဆိုပါ အခမ်းအနားသို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးလင်းဇော်ထွန်း၊ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်များဖြစ်သည့် ဦးစိုင်းကျောက်နှင့် ဦးအားကို၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးမြင့်နိုင်၊ ခရိုင်ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီး ပေါ်ထွန်း၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသက်လွင်နှင့် ဌာနဆိုင်ရာများ၊ နိုင်ငံရေး ပါတီဝင်များ၊ ဗမာ၊ လားဟူ၊ အာခါ၊ ရှမ်း၊ စသည့် တိုင်ရင်းသားစာပေနှင့်ယဉ်ကျေးမှုကော်တီဝင်များ၊ ရပ်/ကျေး အုပ်စုအုပ်ချုပ်ရေးမှူးများ၊ စာရေးများ၊ လူမှုရေး အသင်းအဖွဲ့များ စုစုပေါင်းအင်အား ၁၈၀ဦးခန့် တက်ရောက်ကြောင်း သိရသည်။
သန်းထွန်းအေး(ပြန်/ဆက်)


