ပဲခူး ၂၆ မတ်
ပြန်ကြားရေးဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာနနှင့် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့တို့ ပူးပေါင်း ကျင်းပမည့်ကလေးစာပေပွဲတော်ကို ပဲခူးတက္ကသိုလ်တွင် ကျင်းပသွားမည်ဖြစ်သည်။
အဆိုပါ ကလေးစာပေပွဲတော်တွင် ဌာနဆိုင်ရာများနှင့် အဖွဲ့အစည်းများမှ ပြခန်းပေါင်း (၄၉)ဖြင့် ဖွင့်လှစ်ပြသသွားမည်ဖြစ်ရာ မီးသတ်ဦးစီးဌာနပြခန်း၊ ယာဉ်စည်းကမ်းလမ်းစည်းကမ်းပြခန်း၊ မူးယစ်အထူးအဖွဲ့ပြခန်း၊ လူကုန်ကူးမှု တားဆီးကာကွယ်ရေးအဖွဲ့ပြခန်း၊ ကျန်းမာရေးဦးစီး ဌာနပြခန်း၊ မြန်မာနိုင်ငံစာကြည့်တိုက်များ ဖောင်ဒေးရှင်းပြခန်း၊ ပန်းချီပညာရှင်များအသင်းပြခန်း၊ မေတ္တာရိပ် ဖောင်ဒေးရှင်းပြခန်း၊ စက်မှုကြီးကြပ်ပြခန်း၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဦးစီးဌာနပြခန်း၊ သဘာဝဘေးစီမံခန့်ခွဲရေး ဦးစီးဌာနပြခန်း၊ စာသုံးသူရေးရာဦးစီးဌာနပြခန်း၊ CCTV ပြခန်း၊ လူမှုဝန်ထမ်းဦးစီးဌာနပြခန်း၊ အခြေခံဦးစီးဌာနပြခန်း၊ ပဲခူးတက္ကသိုလ်ပြခန်း၊ အဆင့်မြင့် ပညာဦးစီးဌာနရှိ တက္ကသိုလ်/ကောလိပ် အသီးသီးမှ ပြခန်းများ၊ အမျိုးသားမှတ်တမ်းများ၊ မော်ကွန်းပြတိုက် ပြခန်းများ၊ တိုင်းရင်းသားရိုးရာ ယဉ်ကျေးမှုပြခန်းများ၊ Knowledge Zone ပြခန်း၊ သုတစုံလင်ဉာဏ်ကြီးရှင်ပြခန်းတို့ ပါဝင်ပြသသွားမည်ဖြစ်ကြောင်း သိရသည်။
ဝေလျှံ


