နေပြည်တော်     ၂၆    မတ်     
    

ပြည်သူ့လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးထွန်းထွန်းဟိန်သည် ဂျပန်နိုင်ငံ၊ တရား ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးH.E.Mr. Hiroyuki Tsuji နှင့်အဖွဲ့အား ယနေ့ နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ၊ ပြည်သူ့ လွှတ်တော် ဒုတိယဥက္ကဋ္ဌရုံးခန်း၌ လက်ခံတွေ့ဆုံသည်။
    

ထိုသို့တွေ့ဆုံစဉ် ဂျပန်-မြန်မာ နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်း ဆောင်ရွက်မှု တိုးမြှင့်ရေး ၊ မြန်မာနိုင်ငံ၏ စီးပွားရေး ရင်းနှီးမြှုပ်နှံမှုနှင့်ပညာရေး၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များတွင် ဂျပန်နိုင်ငံအနေဖြင့် အစဉ်တစိုက် အားပေး ကူညီဆောင်ရွက်လျက်ရှိသည့် ကိစ္စ၊ နှစ်နိုင်ငံ လွှတ်တော်များ အချင်းချင်း ပူးပေါင်းဆောင်ရွက်ရေးနှင့် ဥပဒေပြုရေး၊ တရားစီရင်ရေးဆိုင်ရာ ကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးကြသည်။
    

အဆိုပါတွေ့ဆုံပွဲသို့ ပြည်သူ့လွှတ်တော်၊ ဥပဒေကြမ်း ကော်မတီ ဥက္ကဋ္ဌ ဦးခင်မောင်ဝင်း၊ ကော်မတီအတွင်းရေးမှူး ဦးကျော်စိုးလင်း၊ အမျိုးသား လွှတ်တော်၊ ဥပဒေကြမ်းကော်မတီအတွင်းရေးမှူး ဒေါက်တာမြတ်ဉာဏစိုးနှင့် ပြည်သူ့လွှတ်တော်ရုံးမှ တာဝန်ရှိသူများတက်ရောက်ခဲ့ကြသည်။ 


(သတင်းစဉ်)