မိုးကောင်း၊ မတ် - ၂၆

 
မတ် ၂၅ ရက်ညနေပိုင်းက ထိုပူးနှင့် မိုးကောင်းဘူတာကြား၌ အမှတ် ၂၄၇ အဆန်ကုန်ရထား စက်ခေါင်းအမှတ် DD-1216  တွဲချော်ခဲ့ပြီး ယင်းဖြစ်စဉ်ကြောင့် ခရီးသည်များ မကြန့်ကြာစေရန်အတွက် နယ်မြေခံတပ်ရင်းမှတပ်မတော်သားများ၊ မီးရထားတပ်စု(က)မှ တပ်ဖွဲ့ဝင်များ၊ မိုးကောင်းရဲစခန်းမှ တပ်ဖွဲ့ဝင်များ၊ ဒုမီးသတ်ဦးစီးမှူးနှင့် အရန်မီးသတ်တပ်ဖွဲ့ဝင်များက ၎င်းတွဲချော်သည့်နေရာတွင် ခရီးသည်မကြန့် ကြာစေရေးအတွက် ရထားချိန်းပြောင်း (transit ) ကူညီပေးကြကြောင်း သိရသည်။

  
အလားတူစွာ တိုင်း(၁)မန်နေဂျာ DTM ဦးကြည်ဝင်းဦးဆောင်၍ စက်မှုအင်ဂျင်နီယာ၊ မြို့ပြအင်ဂျင်နီယာနှင့် စုစုပေါင်းအင်အား ၆၅ ဦးဖြင့် မိုးညှင်းမြို့မှ ရောက်ရှိလာသည့်ကရိန်းဖြင့် ရထားတွဲချော်နေမှုအား ပူပေါင်းပြုပြင်ဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။

  
" မန္တလေးဘက်ကလာတဲ့ ကရိန်းကိုစောင့်နေတာပါ။ ကရိန်းရောက်လာလို့ ပူးပေါင်းပြုပြင်ဆောင်ရွက်ပြီးရင် ညနေပိုင်းဆို ရထားတွေပုံမှန် သွားလာနိုင်ပါပြီ " ဟု တိုင်း(၁)မန်နေဂျာ ကပြောသည်။


သန်းလွင်ဦး (ပြန်/ဆက်)

 

1