ပဲခူး ၂၆ မတ်
ပြန်ကြားရေးဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာနနှင့် ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့တို့ ပူးပေါင်းကျင်းပသော ပဲခူးမြို့ ကလေးစာပေပွဲတော်ကို ပဲခူးတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ၌ မတ်လ ၂၈ရက်မှ ၃၀ရက်အထိ ကျင်းပမည်ဖြစ်ရာ အဆိုပါပွဲတော်တွင် တိုင်းရင်းသားကလေးများ တိုင်းရင်းသား ဘာသာဖြင့် ပုံပြောနှင့်ကဗျာရွတ်ပွဲများကို အစီအစဉ်တစ်ရပ်အနေဖြင့် ထည့်သွင်း ကျင်းပမည် ဖြစ်ကြောင်း သိရသည်။
တိုင်းရင်းသားကလေးများ ပုံပြောနှင့်ကဗျာရွတ်ပွဲကို ပဲခူးတက္ကသိုလ် ဇေယျဆောင်(၁)၌ မတ်လ ၂၈ရက်နှင့် ၂၉ရက် များတွင် မွန်းလွဲ ၁ နာရီမှစ၍ ကယား၊ ကရင်၊ ပအိုဝ်း၊ မွန်၊ ရှမ်းနှင့် အရှိုချင်း တိုင်းရင်းသား ခြောက်မျိုးမှ တိုင်းရင်းသား ကလေးငယ်များ ပါဝင်ကြမည်ဖြစ်သည်။
တိုင်းရင်းသားကလေးငယ်များက မိမိတို့ဘာသာစကားဖြင့် ပုံပြောခြင်း ကဗျာရွတ်ခြင်းကို လည်ကောင်း၊ ဘာသာပြန်ခြင်းကိုလည်ကောင်း ပြောဆိုကြမည်ဖြစ်ပြီး ပါဝင်သောတိုင်းရင်းသားများကို ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ ကရင်တိုင်းရင်းသား လူမျိုးရေးရာဝန်ကြီးနှင့် တာဝန်ရှိသူများက ဂုဏ်ပြုဆုငွေနှင့် လက်ဆောင်များ ချီးမြှင့်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ရဲမြန်မာ(ညောင်လေးပင်)


