ကော့သောင်း ၂၇ မတ်  


မြန်မာနိုင်ငံမှ ထိုင်းနိုင်ငံသို့ တရားမဝင် သွားရောက် အလုပ်လုပ်ကိုင်ကြသည့် မြန်မာရွှေ့ပြောင်း အလုပ်သမား အမျိုးသား ၅၃ ဦး၊ အမျိုးသမီး ၇ ဦး အပါအဝင် အလုပ်သမား ၆၀ ကို ထိုင်းနိုင်ငံ ရနောင်းမြို့မှတစ်ဆင့် ထိုင်းနိုင်ငံ ရနောင်းမြို့ လူဝင်မှုကြီးကြပ်ရေးဌာနမှ တာဝန်ရှိသူများက မြန်မာနိုင်ငံ၊ ကော့သောင်းမြို့ ဒေသအာဏာပိုင်များထံသို့ ရေလမ်းခရီးဖြင့် မတ်လ ၂၆ ရက် ညနေပိုင်းက ပြန်လည် လွှဲပြောင်း ပေးအပ်ခဲ့ကြောင်း သိရသည်။


အဆိုပါ မြန်မာရွှေ့ပြောင်း အလုပ်သမားများမှာ ထိုင်းနိုင်ငံတွင် နယ်စပ်ဖြတ်ကျော်ခွင့် သက်တမ်းလွန်ခြင်းနှင့် အထောက်အထားမဲ့ နေထိုင်ခြင်းတို့ကြောင့် ထိုင်းနိုင်ငံဥပဒေများအရ အရေးယူခံရပြီး  မြန်မာနိုင်ငံသို့ ပြန်လည်စေလွှတ်ခဲ့ခြင်းဖြစ်ရာ လာရောက်လွှဲပြောင်းပေးသည့် အလုပ်သမားများအား ကော့သောင်းခရိုင်နှင့် မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဆိုင်ရာဌာန၊ လူကုန်ကူးမှု တိုက်ဖျက်ရေး ရဲတပ်ဖွဲ့၊ အလုပ်သမား ညွှန်ကြားမှုဦးစီးဌာနနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနတို့မှ တာဝန်ရှိသူများက ကြိုဆိုလက်ခံကြကာ ပြည်သူ့ ကျန်းမာရေးဌာနမှ လိုအပ်သည့် ကျန်းမာရေးပြုစုရှောက်မှုများ  ဆောင်ရွက်ပေးပြီး ၎င်းတို့၏ နေရပ်ဒေသများသို့ လုံခြုံချောမွေ့စွာ ပြန်နိုင်ရန် ကူညီဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။ 


ကျော်စိုး(ကော့သောင်း)