ရေနံချောင်း ၂၇ မတ် 


မကွေးတိုင်းဒေသကြီး၊ ရေနံချောင်းမြို့၌ မဟာသင်္ကြန်ပွဲတော် ကာလအတွင်း ယာဉ်တိုက်မှု လျော့နည်းစေရေး အသိပညာပေးခြင်း၊ လက်ကမ်းစာစောင်များဖြန့်ဝေခြင်းနှင့် ပညာပေးစတစ်ကာများ ကပ်ပေးခြင်းတို့ကို ယနေ့နံနက် ၉ နာရီက ကမ္ဘောဇဘဏ်အနီး လမ်းဆုံ၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။


ထိုသို့ဆောင်ရွက်ရာတွင် ရေနံချောင်းမြို့မရဲစခန်းမှူး ဒုရဲမှူး အောင်လွင်ဦးနှင့် တပ်ဖွဲ့ဝင်များ၊ ရပ်ကွက် အုပ်ချုပ်ရေးမှူး အဖွဲ့နှင့် မြို့နယ်ယာဉ်စည်းကမ်းထိန်းသိမ်းရေး အဖွဲ့တို့ ပူးပေါင်း၍ မဟာသင်္ကြန်ပွဲတော် ကာလအတွင်း ယာဉ်မောင်းများ အရက်သေစာ သောက်စားမောင်းနှင်ခြင်းနှင့် အရှိန်ပြင်းမောင်းနှင်ခြင်းမပြုရန်၊ ယာဉ်စည်းကမ်း လမ်းစည်းကမ်းနှင့်အညီ မောင်းနှင်ရန်၊ ဆိုင်ကယ်အိတ်ဇောဖြုတ် မောင်းနှင်ခြင်းနှင့် ဆူညံသံများ ထွက်ပေါ်အောင် ဆိုင်ကယ်၌ ပစ္စည်းများ တပ်ဆင်မောင်းနှင်ခြင်းတို့ မပြုလုပ်ကြရန် အသိပညာပေးခြင်း၊ လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းနှင့် ယာဉ်စည်းကမ်း လမ်းစည်းကမ်း ပညာပေးစတစ်ကာများ ကပ်ပေးခြင်းတို့ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။


ကိုစိုးကြီး