မိတ္ထီလာ   ၂၇   မတ် 
      

မိတ္ထီလာမြို့နယ် မိတ္ထီလာတက္ကသိုလ် ဘာသာရပ်ပေါင်းစုံ ကျောင်းတွင်းရေ သဘင်ပွဲတော်ကြီးနှင့် လမ်းလျှောက် ရေသဘင်ပွဲတော်ကို ယနေ့ နံနက် ၈ နာရီခွဲက အဆိုပါ တက္ကသိုလ်ကျောင်းဝန်အတွင်းရှိ ရေကစားမဏ္ဍပ်၌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးချမ်းငြိမ်းအောင်၊ မိတ္ထီလာ တက္ကသိုလ် ဒုတိယပါမောက္ခချုပ် ဒေါက်တာဒေါ်ကေသီသင် နှင့် တာဝန်ရှိသူများက ဖဲကြိုးဖြတ် ဖွင့်လှစ်ခဲ့သည်။
    

ရှေးဦးစွာ မိတ္ထီလာတက္ကသိုလ် ဒုတိယပါမေက္ခချုပ် ဒေါက်တာဒေါ်ကေသီသင်က မိတ္ထီလာတက္ကသိုလ် ဘာသာရပ်ပေါင်းစုံ ကျောင်းတွင်းရေသဘင်ပွဲတော်ကြီးနှင့် လမ်းလျှောက်ရေသဘင် ပွဲတော်ကျင်းပရခြင်းနှင့် ပတ်သက်၍ ပြောကြားခဲ့ပြီး ကျောင်းသူလေးများက ယိမ်းအက၊အလှများဖြင့် ဖျော်ဖြေခဲ့ကြသည်။


ထို့နောက် နိုင်ငံကျော်အဆိုတော်  Oasix ၊ Y Zet၊  Jerry Berry(DJ)တို့မှ သီချင်းများဖြင့် သီဆိုဖျော်ဖြေခဲ့ကြပြီး ဖိတ်ကြားထားသည့် ဧည့်သည်တော်များ၊ ဆရာဆရာမများ၊ ကျောင်းသား ကျောင်းသူများက   စတုဒိသာမဏ္ဍပ်များသို့ လှည့်လည်ကြည့်ရှုခဲ့ကြကြောင်း သိရသည်။
                                

သိန်းမြင့်ကျော်(မိတ္ထီလာ)

 

1