လေးမျက်နှာ ၂၇ မတ်


ကျေးလက်နေပြည်သူများ နွေရာသီ ရေရှားပါးပြတ်လပ်မှု မဖြစ်ပေါ်စေရေးနှင့် သန့်ရှင်းသော သောက်သုံးရေ ရရှိရေး အတွက် လေးမျက်နှာမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ  အကောင်အထည်ဖော် ဆောင်ရွက်မည့် ဘုတ်ချောင်းအုပ်စု တာဥတိုကျေးရွာ အဝီစိတွင်းတူးဖော်ခြင်း လုပ်ငန်းအား ယနေ့ နံနက် ၁၀ နာရီက မြို့နယ်ဦးစီးမှူး ဦးယဉ်မင်းဦးနှင့် ဝန်ထမ်းများက ကွင်းဆင်း ကြီးကြပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။ 


အဆိုပါ အဝီစိတွင်းတူးဖော်ခြင်းလုပ်ငန်းကို လေးမျက်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၏ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် ခွင့်ပြုရန်ပုံငွေ ၁၀ ဒသမ ၄၅ သန်းဖြင့် တင်ဒါခေါ်ယူခဲ့ပြီး တင်ဒါအောင်မြင်သော ဟင်္သာထွန်းကုမ္ပဏီက တာဝန်ယူ ဆောင်ရွက်ခြင်း ဖြစ်သည်။


 ၄ လက်မ အနက်ပေ ၄၀ဝ အဝီစိတွင်းနက် တူးဖော်ခြင်းလုပ်ငန်းအား အရည်အသွေး ကောင်းမွန်ရေး အချိန်မီ ပြီးစီးရေး သန့်ရှင်းသော သောက်သုံးရေရရှိရေးအတွက် မြို့နယ်ကျေး/လက်ဦးစီးမှူးမှ ကြီးကြပ်၍ ဆောင်ရွက် သွားမည်ဖြစ်ကြောင်း သိရသည်။


အဆိုပါလုပ်ငန်းဆောင်ရွက်ပြီးပါက ကျေးလက်နေပြည်သူများအတွက် နွေရာသီ ရေရှားပါးပြတ်လပ်မှုကို မရှိဘဲ ၁၂ လရာသီ ကာလပတ်လုံးသန့်ရှင်းသော သောက်သုံးရေ ရရှိတော့မည်ဖြစ်ကြောင်းနှင့် လေးမျက်နှာမြို့နယ် အတွင်း သောက်သုံးရေ အခက်အခဲရှိသည့် ကျေးရွာများတွင်လည်း သောက်သုံးရေရရှိရေး လုပ်ငန်းများ လုပ်ဆောင်ပေးနေပြီဖြစ်ကြောင်း မြို့နယ်ကျေး/လက် ဦးစီးမှူး ဦးယဉ်မင်းဦးထံမှ သိရသည်။


ရွှေမိုး(ပြန်/ဆက်)