ရန်ကုန် ၂၇ မတ် 

 


ချက်သမ္မတနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး H.E. Mr. Tomas Kryl (Economic and Operational Section) နှင့်အဖွဲ့သည် ယနေ့ မွန်းလွှဲ ၂ နာရီတွင် ရန်ကုန်မြိ်ု့ ကမာရွတ်မြို့နယ်ရှိ ဦးသန့်နေအိမ်သို ့ သွားရောက်လေ့လာသည်။

 

e

 

ဒုတိယဝန်ကြီးနှင့်အဖွဲ့အား ဦးသန့်နေအိမ် စီမံကိန်းအရာရှိ ဒေါ်ခင်ထက်ထက်လွင်က နေအိမ်အတွင်း လိုက်လံရှင်းလင်း ပြသသည်။ 

 


ထို့နောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ရန်ကုန်မြို့ သိမ်ဖြူလမ်းရှိ ဝန်ကြီးများရုံး (ယခင်အတွင်းဝန်ရုံး)သို့ ရောက်ရှိကြရာ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီအတွင်းရေးမှူး ဒေါ်လှိုင်မော်ဦး၊ ရန်ကုန်မြို့ပြအမွေအနှစ် ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့နှင့် အနော်မာအဖွဲ့မှ တာဝန်ရှိသူများက ဝန်ကြီးများရုံးအတွင်း လိုက်လံရှင်းလင်းပြသကြသည်။

 


ညပိုင်းတွင် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ရွှေတိဂုံစေတီတော်သို့ သွားရောက်ကာ ရွှေတိဂုံစေတီတော် တောင်ဘက်မုခ် ဧည်ခံတန်ဆောင်းရှိ ရွှေစေတီတော်အား ဖူးမြော်ကြည်ညိုပြီး ဧည့်သည်တော်မှတ်တမ်းစာအုပ်တွင် လက်မှတ်ရေးထိုးသည်။

 

e

 

ဆက်လက်၍ ရွှေတိဂုံစေတီတော်မြတ်ကြီးအား ပန်း၊ ဆီမီး၊ ရေချမ်း၊ အမွေးနံ့သာများ ကပ်လှူပူဇော်ပြီး ရွှေတိဂုံစေတီဂေါပကအဖွဲ့သို့ အလှူငွေများ ပေးအပ်လှူဒါန်းကာ စေတီတော်မြတ်ကြီးအား လက်ယာရစ် တစ်ပတ်လှည့်လည် ဖူးမြော်ကြည်ညိုကာ သာသနိက အဆောက်အအုံများကို ကြည့်ရှုလေ့လာကြသည်။ 

 


(သတင်းစဉ်)