ရှားတော ၂၈ မတ်

 

ကယားပြည်နယ်၊ လူမှုဝန်ထမ်းဦးစီးဌာနမှ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် ဘတ်ဂျက်ဖြင့် အသက်(၈၅)နှစ်အထက် သက်ကြီးရွယ်အိုများ  လူမှုရေးပင်စင်ထောက်ပံ့ငွေများ သွားရောက်ပေးအပ်ခြင်းကို ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ဝင့်ဝါထွန်း၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကျော်စိုး၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ထိုက်၊ မိခင်ကလေးနှင့် အမျိုးသမီးရေးရာ အဖွဲ့တို့က ယမန်နေ့ ညနေ ၃ နာရီက သွားရောက် ထောက်ပံ့ခဲ့ကြောင်း သိရသည်။ 

 

1

 

ယင်းသို့ ထောက်ပံ့ရာတွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ဝင့်ဝါထွန်း၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးအောင်ကျော်စိုး၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ထိုက်နှင့်အဖွဲ့တို့သည် ဈေးပိုင်းရပ်ကွက်တွင် ၆ ဦး၊  အလယ်ပိုင်းရပ်ကွက်တွင် ၁ ဦး၊ တောင်ပိုင်းရပ်ကွက်တွင် ၁ ဦး၊ မြောက်ပိုင်းကျေးရွာအုပ်စုတွင် ၂ ဦး နှင့် အလယ်ပိုင်းကျေးရွာအုပ်စုတွင် ၁ ဦး စုစုပေါင်း ၁၁ ဦးထံသို့ လူမှုရေးပင်စင် ၃ လစာအတွက် တစ်ဦးလျှင် ကျပ် ၃၀ဝ၀ဝ နှင့် လွှတ်တော်ကိုယ်စားလှယ်တို့က တစ်ဦးလျှင် ကျပ် ၁၀ဝ၀ဝ စုစုပေါင်း တစ်ဦးလျှင် ကျပ် ၄၀ဝ၀ဝ နှင့် မုန့်များ သွားရောက်ပေးအပ် ထောက်ပံ့ခဲ့ကြောင်း သိရသည်။

 

ထွန်းအောင်(ပြန်/ဆက်)

 

2