ပန်းတနော် ၂၈ မတ်
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ် ဘဝိုင်းကျေးရွာတွင် ပိုးသတ်ဆေး စွန့်ပစ်ပစ္စည်း စနစ်တကျစွန့်ပစ်ရေးနှင့် FAW ငမြှောင်တောင် ကာကွယ်ရေးအတွက် ပြောင်းပင်ကြွင်းကျန်များ မီးရှို့ဖျက်ဆီး စုပေါင်းဆောင်ရွက်ခြင်းကို မတ် ၂၈ ရက် နံနက် ၈ နာရီက ပြုလုပ်ခဲ့သည်။
ယင်းသို့ စုပေါင်းဆောင်ရွက်ရာတွင် ခရိုင်သီးနှံ ကာကွယ်ရေးတာဝန်ခံ ဒေါ်အေးအေးနွဲ့နှင့် မြို့နယ်သီနှံကာကွယ်ရေးတာဝန်ခံ ဦးသိန်းဌေးတို့က ပိုးသတ်ဆေး စွန့်ပစ်ပစ္စည်းများအား စွန့်ပစ်ရာတွင် ရေအရင်းအမြစ်များ ထိခိုက်မှုမရှိစေရန် ရေတွင်း၊ ရေကန်၊ မြစ်ချောင်း၊ အင်းအိုင်များနှင့်ဝေးရာတွင် စွန့်ပစ်ရန်၊ ကျင်းအနက် ၂ ပေခန့်တူး၍ မြှုပ်နှံစွန့်ပစ်ပြီး စွန့်ပစ်ပစ္စည်း၏ အပေါ်တွင် အနည်းဆုံး မြေသား ၂ ပေ ထားရှိရန် နည်းပညာပေးခြင်းနှင့် စိုက်ပျိုးရေးဦးစီးဌာနရှိ ဝန်ထမ်းများ၊ ဒေသခံ လက်တွေ့စုပေါင်းလုပ်ဆောင်ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ပြည့်ဖြိုးကျော်(ပြန်/ ဆက်)


