ဆော ၂၈ မတ်
မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါခရိုင်၊ ဆောမြို့၌ ချင်းပြည်နယ် ကန်ပက်လက်မြို့ နတ်မတောင် ဆရာတော်နှင့် သံဃာတော်များအား မတ် ၂၇ ရက်နေ့ ညနေပိုင်းက ဆွမ်းဆန်စိမ်း လောင်းလှူခဲ့ကြကြောင်း သိရသည်။
အဆိုပါ ဆွမ်းဆန်စိမ်းလောင်းလှူရာတွင် ကန်ပက်လက်မြို့၊ နတ်မတောင်ဟိတဓရ ပရဟိတကျောင်းတိုက်၏ ပဓာန နာယကဆရာတော် ဘဒ္ဒန္တဝိမလာဘိဝံသ ဦးဆောင်သော သံဃာတော်များ၊ ကိုရင်များ၊ သီလရှင်များ အပါး ၁၂၀ ကျော်တို့မှ ဆောမြို့ သီရိဥတ္တရာရာမ (မြောက်ကျောင်း) မှ စတင်ကာ ဘုရင့်နောင်လမ်း၊ နှင်းဆီလမ်း၊ အနော်ရထာလမ်း၊ စိန်ပန်းလမ်းတစ်လျှောက် ကြွရောက်အလှူခံကြသည်။
ဆရာတော် သံဃာတော်များအား မြို့ပေါ်ရပ်ကွက်နှင့် အနီးပတ်ဝန်းကျင်ရှိ ကျေးရွာများမှ အလှူရှင်များက ဆွမ်းဆန်စိမ်း၊ လှူဖွယ်ဝတ္ထုများ၊ နဝကမ္မအလှူငွေများတို့ကို လောင်းလှူခဲ့ကြကြောင်း မြို့နယ်ပြန်ဆက်မှ သိရသည်။
MDN


