ရပ်စောက် ၂၈ မတ် 


စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန (ရှမ်းပြည်နယ်)မှ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် နိုင်ငံတော် ထောက်ပံ့ငွေဖြင့် မြစိမ်းရောင် (အသားကဏ္ဍ) မွေးမြူရေး ကျေးရွာထူထောင်ရန်အတွက် ရန်ပုံငွေ (ထောက်ပံ့ငွေ) ပေးအပ်ပွဲ အခမ်းအနားကို ယနေ့ နံနက် ၉ နာရီက ရပ်စောက်မြို့၊ ကောင်းဘို့ကျေးရွာ အခြေခံပညာ အထက်တန်းကျောင်းတွင် ကျင်းပခဲ့ကြောင်း သိရသည်။


အခမ်းအနားတွင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးခင်မောင်မြင့်နှင့် တောင်ကြီးခရိုင်၊ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှူး ဒေါက်တာ စံထွန်းဝေတို့က အမှာစကား ပြောကြားကြပြီး ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် နိုင်ငံတော် ထောက်ပံ့ငွေဖြင့် မြစိမ်းရောင် (အသားကဏ္ဍ) မွေးမြူရေးကျေးရွာထူထောင်ရန်အတွက် ရန်ပုံငွေ ကျပ်သိန်းသုံးရာကို ကောင်းဘို့အရှေ့ကျေးရွာကော်မတီထံသို့ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။


ရပ်စောက်(ပြန်/ဆက်)