နေပြည်တော် ၂၈ မတ်
စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးစိုးဝင်းသည် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ၊ ယူနန်ပြည်နယ် ၊ ပါတီကော်မတီ အမြဲတမ်းကော်မတီဝင်၊ အမြဲတမ်း ဒုတိယပြည်နယ် အုပ်ချုပ်ရေးမှူး Mr. Zong Guo Ying ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ယနေ့နံနက် ၈ နာရီခွဲတွင် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံသည်။
တွေ့ဆုံစဉ် ယူနန်ပြည်နယ်နှင့် မြန်မာနိုင်ငံအကြား စီးပွားရေး၊ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံ မှုကဏ္ဍတို့တွင် ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုနက်ရှိုင်းစွာ ဆောင်ရွက်နိုင်ရန်၊ မြန်မာနိုင်ငံမှ လယ်ယာထွက်ကုန်ပစ္စည်းများ ယူနန်ပြည်နယ်သို့ တင်ပို့ရာတွင် ပိုမိုလွယ်ကူချောမွေ့စေရန်နှင့် ချစ်ကြည် ရင်းနှီးသော ကူးလူးဆက်ဆံမှုကို တိုးမြှင့်နိုင်ရေးကိစ္စရပ်များနှင့် စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
(သတင်းစဉ်)


