နေပြည်တော် ၂၉ မတ်

ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ်၊ ဗဟိုဝန်ထမ်းတက္ကသိုလ် (အောက်မြန်မာ ပြည်)၊ နဝရတ်ခန်းမတွင် အရာထမ်းအခြေခံသင်တန်း အမှတ်စဉ်(၂၀၉)၏ သင်တန်းဆင်းပွဲ အခမ်းအနားကို ယနေ့နံနက် ၈ နာရီက ကျင်းပရာ ဗဟိုဝန်ထမ်းတက္ကသိုလ် (အောက်မြန်မာပြည်) ပါမောက္ခချုပ် ဦးအောင်တင်စိုး တက်ရောက်၍ သင်တန်းဆင်း အမှာစကား ပြောကြားသည်။

ဆက်လက်၍ စံပြဆုနှင့် စာပေထူးချွန်ဆုရရှိသူများကို ဆုများ ချီးမြှင့်ပြီး သင်တန်းဆင်း ဂုဏ်ပြုလက်မှတ်များ ပေးအပ်သည်။

သင်တန်းဆင်းပွဲသို့ ဒုတိယ ပါမောက္ခချုပ်(သင်ကြားရေး)၊ ဌာနကြီးမှူး/ ပါမောက္ခ (ပညာဌာနမှူး)များ၊ ဌာနမှူး/တွဲဖက်ပါမောက္ခများ၊ ကထိကများ၊ သင်တန်းမှူးများ၊ ဌာနခွဲ မှူးများ၊ လက်ထောက်ကထိကများ၊ နည်းပြများနှင့် အရာထမ်းအခြေခံသင်တန်း အမှတ်စဉ် (၂၀၉)သို့ တက်ရောက်ကြသည့် ဗဟိုအဖွဲ့အစည်းများ၊ ဝန်ကြီးဌာနများနှင့် တိုင်းဒေသကြီး/ ပြည်နယ် အစိုးရအဖွဲ့မှ ဦးစီးအရာရှိအဆင့်ရှိ သင်တန်းသား(၇၀)ဦး၊ သင်တန်းသူ(၇၄)ဦး စုစုပေါင်း(၁၄၄) ဦး တက်ရောက်ခဲ့ပြီး သင်တန်းကာလမှာ ရက်သတ္တ (၁၂)ပတ် ကြာမြင့်ခဲ့ကြောင်း သတင်းရရှိသည်။

(သတင်းစဉ်)

 

mdn