နေပြည်တော် ၂၉ မတ်
ပြည်ထောင်စုရှေ့နေချုပ် ဦးထွန်းထွန်းဦးသည် အစ္စရေးနိုင်ငံသံအမတ်ကြီး H.EMr. RonenGilor အား ယနေ့နံနက် ၁၀ နာရီတွင် ပြည်ထောင်စုရှေ့နေချုပ်ရုံးဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။
ထိုသို့တွေ့ဆုံစဉ်အစ္စရေးနိုင်ငံနှင့် မြန်မာနိုင်ငံတို့သည် ဥပဒေစနစ်ကျင့်သုံးမှု တူညီသည့် နိုင်ငံများဖြစ်ကြောင်း၊ နည်းပညာအသုံးပြု၍ ကျူးလွန်သည့်ပြစ်မှုများ တိုးပွားလျက်ရှိရာ ဥပဒေအရာရှိများ၏ တရားစွဲနှင့် အမှုလိုက်လုပ်ငန်းစွမ်းရည်များ မြင့်မားရေးအတွက် ဆောင်ရွက်လျက်ရှိကြောင်း၊ ဈေးကွက်စီးပွားရေးစနစ်နှင့် လိုက်လျောညီထွေစွာ ဥပဒေများကို ပြင်ဆင်ပြဋ္ဌာန်းလျက်ရှိကြောင်း၊ နိုင်ငံတကာ အဖွဲ့အစည်းများနှင့် ပူးပေါင်း၍ လုပ်ငန်းနယ်ပယ်နှင့် ဘာသာရပ်အလိုက် ကျွမ်းကျင်မှုများရရှိစေရေးအတွက် အလုပ်ရုံ ဆွေးနွေးပွဲနှင့် သင်တန်းများကို စဉ်ဆက်မပြတ် ကျင်းပလျက်ရှိပါကြောင်း၊ ဥပဒေရေးရာနှင့် တရားမျှတမှုကဏ္ဍတိုးတက်ကောင်းမွန်ရေးအတွက် နှစ်နိုင်ငံသက်ဆိုင်ရာ အဖွဲ့အစည်းများအကြား ပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင်ရေးကိစ္စရပ်များနှင့် စပ်လျဉ်း၍ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
(သတင်းစဉ်)


