နေပြည်တော် မတ် ၂၉
    

ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ် ကျားနင်းကန်ကျေးရွာ၌ AA အဖွဲ့က ရွာသား ၁ ဦးအား မတ် ၂၇ ရက် ညပိုင်းတွင် သတ်ဖြတ်ခဲ့ကြောင်း သိရှိရသည်။
    

သေဆုံးသူမှာ မြောက်ဦးမြို့နယ်၊ တောင်ဦးကျေးရွာနေ ဦးမောင်နီဦး(၃၃ နှစ်) ဖြစ်ပြီး မတ် ၂၆ ရက် ၎င်းနေထိုင်သည့် ကျေးရွာအနီးတိုက်ပွဲများကြောင့် ကျောက်တော် မြို့နယ်၊ ကျားနင်းကန်ကျေးရွာနေ ယောက္ခမဖြစ်သူ ဦးမောင်သန်းကျော်(၆၀ နှစ်)၏ ခြံဝန်းအတွင်း သီးခြားအိမ် ၁ လုံးဖြင့် မိသားစုနှင့်အတူ ပြောင်းရွှေ့နေထိုင်လျက်ရှိစဉ် မတ် ၂၇ ရက် ည ၁၁ နာရီခန့်တွင် ဓားရှည်ကိုယ်စီကိုင်ဆောင်ထားသည့် ရခိုင် စကားပြော မျက်နှာဖုံးစွပ် AA အဖွဲ့မှ ၇ ဦး ရောက်ရှိလာပြီး ဦးမောင်နီဦးအား အိမ်အပြင် သို့ ခေါ်ဆောင်သွားခဲ့ကြောင်း သိရှိရသည်။
    

မတ် ၂၈ ရက်တွင် ၎င်း၏ ဇနီးဖြစ်သူ ဒေါ်သောင်းအေးတင်က လိုက်လံရှာဖွေခဲ့ရာ နံနက် ၈ နာရီခန့် တွင် ကျေးရွာအနီးလယ်ကွင်း၌ ဦးမောင်နီဦးမှာ ဒဏ်ရာ ၁ ချက်ဖြင့် သေဆုံးနေကြောင်း တွေ့ရှိခဲ့ရသည်။ 


အဆိုပါ သေဆုံးသူနေထိုင်ခဲ့သည့် မြောက်ဦးမြို့နယ်၊ တောင်ဦးကျေးရွာသည် မတ် ၂၆ ရက်တွင် မြောက်ဦး-ကျောက်တော်လမ်း လုံခြုံရေးဆောင်ရွက်လျက်ရှိသည့် တပ်မတော်စစ်ကြောင်းအား AA အဖွဲ့မှ အင်အား ၁၅၀ ခန့်က ၂ ကြိမ် ဝိုင်းပတ်တိုက်ခိုက်ခဲ့သည့် လင်းမြွတောင် ဖြစ်စဉ်နေရာနှင့် မီတာ ၂၀ဝ၀ ခန့်သာ ကွာဝေးလျက်ရှိသည့် ကျေးရွာဖြစ်ကြောင်း တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံး၏ သတင်းထုတ်ပြန်ချက်အရ သိရှိရသည်။


(သတင်းစဉ်)