တာချီလိတ် ၃၀  မတ် 

 

တာချီလိတ်မြို့တွင် နယ်စပ်တစ်လျှောက် မီးခိုးမြူများဝင်ရောက်ဖုံးလွှမ်းမှုကြောင့် ခရိုင်နှင့်မြို့နယ် စီမံခန့်ခွဲမှုကော်မတီ၏ ကြီးကြပ်မှုဖြင့် ရေဖျန်းခြင်း၊ ကျန်းမာရေးအသိပညာပေးခြင်း၊ နှာခေါင်းစည်းများ အခမဲ့ ဝေငှပေးခြင်းတို့ကို ယနေ့နံနက်ပိုင်းက ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

ယင်းသို့ဆောင်ရွက်ရာတွင် ခရိုင်စီမံခန့်ခွဲမှုကော်မတီဥက္ကဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးမြင့်နိုင်နှင့် မြို့နယ်စီမံ ခန့်ခွဲမှုကော်မတီ ဥက္ကဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးချမ်းမြေ့စော ပါဝင်သည့် ဌာနဆိုင်ရာများ၊ ကျန်းမာရေး ဝန်ထမ်းများ၊ မီးသတ်ဦးစီးဌာန၊ လူမှုရေးအသင်းအဖွဲ့များပူးပေါင်း၍ နှာခေါင်းစည်းများအား ရန်အောင်မြေ ရပ်ကွက်ရှိ မီးပွိုင့်ဝန်းကျင်နှင့် ရှမ်းရိုးမကွင်းရှေ့လမ်းမတို့တွင် ပေးဝေခြင်း၊ ရေဖျန်းခြင်းများ ဆောင်ရွက်လျက်ရှိသည်။

 

တာချီလိတ်တွင် လေထုအရည်အသွေးအညွှန်းကိန်းမှာ မတ်လ ၂၉ရက်နေ့က အဆင့် ၁၅၆ ထိ ရှိနေရာမှ ယနေ့ နံနက်ပိုင်းတွင် အဆင့် ၄၀ဝ ကျော်အထိရောက်ရှိနေကြောင်း ရှမ်းပြည်နယ်ပတ်ဝန်းကျင် ထိန်းသိမ်း ရေးဦးစီးဌာနမှ တာချီလိတ်မြို့၌ကွင်းဆင်း၍ လေထုအရည်အသွေးအညွှန်းကိန်းတိုင်းတာပေးနေမှုအရ သိရသည်။

 

မြန်မာ၊ ထိုင်း၊ လာအို သုံးနိုင်ငံနယ်စပ်ရှိ ကျေးရွာများတွင် ပွင့်လင်းရာသီ၌ တောင်ယာမီးရှို့မှုများကြောင့် မြန်မာနိုင်ငံ၊ တာချီလိတ်မြို့အပါအဝင် မီးခိုးများဖုံးလွှမ်းမှုမှာ နှစ်စဉ်ကြုံတွေ့နေရခြင်း ဖြစ်သည်။

 


ဖြိုးလေး(ပြန်/ဆက်)