ကလေး   ၃၀  မတ်    

 

စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့အတွင်းရှိ စာအုပ်စာစောင် ချစ်မြတ်နိုးသူများက  စာရေးဆရာ ချစ်ဦးညိုရေးသားသော တိုးတက်ခြင်း၊ ဆုတ်ယုတ်ခြင်းနှင့် ယဉ်ကျေးမှုမျက်နှာစာ စာအုပ်ကိုစာဖတ်ဝိုင်းအဖြစ် မတ် ၃၀ ရက် နံနက် ၉ နာရီခွဲအချိန်က ကလေးခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ဘက်စုံသုံးခန်းမ၌ ဆဋ္ဌမအကြိမ်မြောက် ကျင်းပပြုလုပ်သည်။ 

 

ရှေးဦးစွာ ကလေးခရိုင် ဦးစီးအရာရှိ ဦးညီညီဇော်(သျှင်နေမင်း-ဂန့်ဂေါ)က စာဖတ်ဝိုင်းကျင်းပရခြင်း၏
ရည်ရွယ်ချက်များနှင့်  စာဖတ်ဝိုင်းတွင် ဆွေးနွေးကြမည့် ဆရာဆရာမများနှင့် ကျိုးကြောင်းဆက်နွယ်ပေးပြီး စာဖတ်ဝိုင်းတွင် ဆရာဦးကြည်သာငြိမ်းက ဦးဆောင်ဆွေးနွေးပေးသည်။

 

ထို့နောက် စာရေးဆရာ ချစ်ဦးညိုရေးသားသော တိုးတက်ခြင်း၊ ဆုတ်ယုတ်ခြင်းနှင့် ယဉ်ကျေးမှု မျက်နှာစာ စာအုပ်တွင် ပါဝင်သည့် နိုင်ငံတစ်နိုင်ငံနှင့်တစ်နိုင်ငံ ယဉ်ကျေးမှုဓလေ့ထုံးတမ်းချင်းကွဲပြားပုံ၊ ပညာ အခြေခံမြင့်မားသည်နှင့် ယဉ်ကျေးမှုအဆင့်အတန်းများ ကွဲပြားသွားပုံ၊ ယဉ်ကျေးမှုဟုဆိုရာတွင်လည်း နေရာဒေသအလိုက် လိုက်နာရန်လိုအပ်မှုအခြေအနေများ၊ ရှေးယခင် အင်းဝခေတ်ကတည်းက စာတမ်းဖတ်ပွဲများ ပြုလုပ်ခဲ့မှုနှင့် အမှား၊ အမှန်ကို ပြန်လည်ထောက်ပြဆွေးနွေးခဲ့မှုများ စသည်တို့ကို စာရေးဆရာစိုးသူ(LPZ)၊ စာရေးဆရာဦးရွှေပြည့်(နတ်ကူးအိုင်)၊ စာရေးဆရာမနှင်းနွယ်(ကလေး)၊ ဆရာမဒေါ်လှလှတို့က စာအုပ်ပါ အချက်အလက်များကို ဝိုင်းဝန်းဆွေးနွေးကြပြီး တက်ရောက်လာကြသည့် လူမှုရေးအသင်းအဖွဲ့မှ ကိုဖိုးညို၊ ကိုသိန်းဦးနှင့် စာပေချစ်မြတ်နိုးသူများက ဆွေးနွေးမှုများအပေါ် ပြန်လည်သုံးသပ်ဆွေးနွေးပေးခဲ့ကြသည်။

 

ပြန်ကြားရေးဝန်ကြီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် ယနေ့ခေတ်လူငယ် မောင်မယ်များအတွက် စာဖတ်သည့် အလေ့အထကောင်းများရရှိစေရန်၊  အနာဂတ်တွင် ကောင်းမွန်သောလူမှုပတ်ဝန်းကျင်ကို ဖော်ဆောင်ပေးနိုင်စေရန် ရည်ရွယ်လျက် ပညာရေးနယ်ပယ်မှ ဆရာဆရာမများနှင့် ခေတ်ပညာတတ်လူငယ်များမှ စာဖတ်ဝါသနာပါသူ၊စာပေဝါသနာပါသူများစုစည်း၍ စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်းကို ဖွဲ့စည်းကာ စာဖတ်ဝိုင်းများ၊ စာပေစကားဝိုင်းများ၊ စာပေနှီးနှောဖလှယ်ပွဲများနှင့် စာအုပ်စာစောင် ဝေဖန်သုံးသပ်ပွဲများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

ချင်းတွင်းသား

 

iprd2.j