ကျိုက်ဒုံ ၃၀ မတ်

 

ကရင်ပြည်နယ် ကော့ကရိတ်ခရိုင် ကျိုက်ဒုံမြို့တွင် ယနေ့နံနက် ၉ နာရီက မြို့အုပ်ချုပ်ရေးမှူးအစည်းအဝေးခန်းမ၌ အရန်မီးသတ်အကြိုအခြေခံသင်တန်း အမှတ်စဉ်(၁/၂၀၁၉)သင်တန်းဖွင့်ပွဲ အခမ်းအနားကျင်းပသည်။

 

အခမ်းအနားတွင် မြို့အုပ်ချုပ်ရေးမှူး ဦးမင်းဇော်မှ အဖွင့်အမှာစကားပြောကြားပြီး ကြာအင်းဆိပ်ကြီးမြို့နယ် မီးသတ်ဦးစီးမှူး ဇင်မင်းထက်မှ သင်တန်းဖွင့်လှစ်ရသည့် ရည်ရွယ်ချက်များကို ပြောကြားသည်။

 

အဆိုပါသင်တန်းတွင် ကြိုချည်နည်း၊ မျှော်စင်၊ ကြိုးတက်ကြိုးကူး၊ လူနာသယ်နည်း စသည့်အခြေခံနည်းပညာများကို လက်တွေ့သင်ကြားပြသသွားမှာဖြစ်ပြီးသင်တန်းသား(၃၅)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။

 

သန်းထွန်းနိုင်(ပြန်/ဆက်)