ရန်ကုန် ၃၀  မတ် 


၁၃၈၀ ခုနှစ် မြန်မာ့ရိုးရာယဉ်ကျေးမှု အတာသင်္ကြန်ပွဲတော်ကို ရန်ကုန်တောင်ပိုင်းခရိုင် ဒလမြို့နယ်၌ မြန်မာ့ရိုးရာ ဝတ်စားဆင်ယင် ထုံးဖွဲ့မှုဓလေ့များ၊ တိုင်းရင်းသားရိုးရာအကများ၊ ခေတ်ပေါ်တေးဂီတ သံစုံတီးဝိုင်းများဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။ 


မြန်မာ့ယဉ်ကျေးမှု ဓလေ့ထုံးစံများနှင့်အညီ ရေသဘင်ပွဲတော်၌ ပြည်သူများ ပျော်ရွှင်ချမ်းမြေ့စွာဖြင့် ယဉ်ကျေးသိမ်မွေ့စွာ ပါဝင်ဆင်နွဲနိုင်ရေးနှင့် ရိုးရာယဉ်ကျေးမှု အနှစ်သာရများ အစဉ်အလာမပျက် ထိန်းသိမ်းစောင့်ရှောက်တတ်စေရန် ရည်ရွယ်ပြီး ကျင်းပပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။

 

1


အတာသင်္ကြန်ပွဲတော်တွင် ဒလမြို့နယ်ရှိ လူအများ စည်းကားရာနေရာဖြစ်သည့် ဗိုလ်ရန်ပြေရပ်ကွက် အဝေးပြေးကားဂိတ်၌ သင်္ကြန်မဏ္ဍပ် (ရေကစားမဏ္ဍပ်) တည်ဆောက်ပြီး အတက်နေ့အထိ မြို့နယ်အတွင်းရှိ ကရင်တိုင်းရင်းသားများ၏ ရိုးရာအကများ၊ ရပ်ကွက်/ကျေးရွာများအလိုက် ဖျော်ဖြေရေး ယိမ်းအဖွဲ့များ၊ ခေတ်ပေါ်သံစုံသီးဝိုင်းများ တီးခတ်၍ တေးသီချင်းများဖြင့် ဒေသခံပြည်သူများနှင့် ရေပက်ခံထွက်သူများအား ဧည့်ခံဖျော်ဖြေပေးသွားမည်ဖြစ်သည်။ မြန်မာနှစ်ဆန်းတစ်ရက်နေ့တွင် သက်ကြီးဘိုးဘွားများ ပူဇော်ကန်တော့ပွဲနှင့် ငါးလွှတ်ပွဲကို ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။


နိုင်လင်းကျော်(ဒလ)

 

1