နေပြည်တော် ၃၀ မတ်
အောင်ဘာလေ သိန်းဆုဖွင့်ပွဲကို ဧပြီ ၁ ရက်တွင် ရန်ကုန်မြို့ ကျောက်တံတားမြို့နယ်ရှိ အောင်ဘာလေ သိန်းဆုဌာနခွဲ ထီဖွင့်ပွဲခန်းမဆောင်၌ နံနက်(၈)နာရီတွင် စတင် ဖွင့်လှစ်ပေးမည်ဖြစ်ကြောင်း သိရသည်။
(၂)ကြိမ်မြောက် ကျပ် ၁၀ဝ၀ တန်ထီဖွင့်ပွဲတွင် “က” အက္ခရာမှ “အ”အက္ခရာ အထိ နှင့် “ကက” အက္ခရာမှ “ကဆ”အက္ခရာအထိ စုစုပေါင်းအက္ခရာလုံးရေ (၄၀)လုံး၊ ထီစာအုပ် (၃၂၇၂၇၂၀) အုပ်ဖြစ်ပြီး (၄၃၅၅၇၇) ထီစာအုပ်သည် ရောင်းမကုန်ထီ လက်မှတ်များ ဖြစ်ပေါ်ခဲ့သည်။ ရောင်းချရသည့် အက္ခရာပေါင်း (၃၄ ဒသမ ၆၈) လုံး၊ ထီစာအုပ် (၂၈၃၇၁၄၃) အုပ်၊ ထီလက်မှတ်စောင်ရေ (၃၁၂၀၈၅၇၃) စောင်ဖြစ်ရာ ရောင်းရငွေမှာ ကျပ်သန်း (၂၈၃၇၁ ဒသမ ၄၃၀) ဖြစ်သည်။ ယင်းရောင်းရငွေ၏ ၆၀ ရာခိုင်နှုန်းဖြစ်သည့် ကျပ်သန်းပေါင်း (၁၇၀၂၂ ဒသမ ၈၅၈) ကို ထီဆုငွေအဖြစ် ခွဲဝေချီးမြှင့်ပေးမည် ဖြစ်သည်။
အဆိုပါ ထီဖွင့်ပွဲတွင် အထူးဆုကြီးစနစ်မှ ကျပ်သိန်းတစ်သောင်းငါးထောင် (၁) ဆု၊ ကျပ်သိန်းငါးထောင်(၂)ဆု၊ ကျပ်သိန်းနှစ်ထောင် (၃) ဆု၊ ကျပ်သိန်းတစ်ထောင် (၅) ဆုဖြစ်ပြီး ဆုတစ်ဆုချင်းစနစ်မှ ကျပ်သိန်းငါးရာ၊ ကျပ်သိန်းနှစ်ရာ၊ ကျပ်သိန်းတစ်ရာ၊ ကျပ်သိန်းငါးဆယ်၊ ကျပ်သိန်းနှစ်ဆယ်၊ ကျပ်ဆယ်သိန်း၊ ကျပ်ငါးသိန်းနှင့် ဝေဝဆာဆာ ပဒေသာ ဆုမဲများဖြစ်သည့် ကျပ်သုံးသိန်း၊ ကျပ်နှစ်သိန်း၊ ကျပ်တစ်သိန်း နှင့် ကျပ်ငါးသောင်း ဆုမဲများကို ဖွင့်လှစ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
(၂၅) ကြိမ်မြောက် ကျပ် ၅၀ဝ တန် ထီဖွင့်ပွဲတွင် “က” အက္ခရာမှ “ဌ”အက္ခရာ အထိ စုစုပေါင်းအက္ခရာလုံးရေ (၁၂) လုံး၊ ထီစာအုပ် (၉၈၁၈၁၆) အုပ်ဖြစ်ပြီး (၂၀၃၄၄၈) ထီစာအုပ်သည် ရောင်းမကုန်ထီလက်မှတ်များ ဖြစ်ပေါ်ခဲ့သည်။ ရောင်းချရသည့် အက္ခရာပေါင်း(၉ ဒသမ ၅)လုံး၊ ထီစာအုပ် (၇၇၈၃၆၈)အုပ်၊ ထီလက်မှတ်စောင်ရေ (၈၅၆၂၀၄၈) စောင်ဖြစ်ရာ ရောင်းရငွေမှာ ကျပ်သန်း(၃၈၉၁ ဒသမ ၈၄၀)ဖြစ်သည်။ ယင်းရောင်းရ ငွေ၏ ၆၀ ရာခိုင်နှုန်းဖြစ်သည့် ကျပ်သန်းပေါင်း (၂၃၃၅ ဒသမ ၁၀၄) ကို ထီဆုငွေအဖြစ် ခွဲဝေချီးမြှင့်ပေးမည် ဖြစ်သည်။
ရောင်းမကုန် ထီလက်မှတ်များစာရင်း အား မတ် ၂၉ ရက်တွင် www.irdmyanmar.gov.mm သို့ ဝင်ရောက်ကြည့်ရှု နိုင်ပါကြောင်း သတင်းရရှိသည်။
အဆိုပါ ထီဖွင့်ပွဲတွင် အထူးဆုကြီးစနစ်မှ ကျပ်သိန်းတစ်သောင်း (၁) ဆု၊ ကျပ်သိန်းတစ်ထောင် (၁) ဆုဖြစ်ပြီး ဆုတစ်ဆုချင်းစနစ်မှ ကျပ်သိန်းငါးရာ၊ ကျပ်သိန်းသုံးရာ၊ ကျပ်သိန်းတစ်ရာ၊ ကျပ်သိန်းငါးဆယ်၊ ကျပ်သိန်းသုံးဆယ်၊ ကျပ် ဆယ်သိန်းနှင့် ဝေဝဆာဆာ ပဒေသာ ဆုမဲများဖြစ်သည့် ကျပ်သုံးသိန်း၊ ကျပ်နှစ်သိန်း၊ ကျပ်တစ်သိန်း နှင့် ကျပ်ငါးသောင်း ဆုမဲများကို ဖွင့်လှစ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ထို့ပြင် ဆုကြီးစနစ်နှင့် ဆုတစ်ဆုချင်းစနစ်မှ ရောင်းမကုန်ထီလက်မှတ် နံပါတ်ပေါ်ထွက်လာပါက ပြန်လည်ဖွင့်ပေးမည်ဖြစ်ပြီး ဝေဝဆာဆာ ပဒေသာဆုမဲ စနစ်တွင် ရောင်းမကုန် ထီလက်မှတ်နံပါတ်မှ ဆုမဲပေါ်ထွက်လာပါက ဆုတန်ဖိုးများ စုပေါင်းပြီး အခြားသင့်လျော်သော ဆုမဲများဖြင့် အစားထိုးပြန်လည်ဖွင့်လှစ်ပေးမည် ဖြစ်သည်။
သို့ဖြစ်ပါ၍ (၂) ကြိမ်မြောက် ကျပ် ၁၀ဝ၀ တန်နှင့် (၂၅) ကြိမ်မြောက် ကျပ် ၅၀ဝ တန် ထီပေါက်သည့် ကံထူးရှင်များအနက် ကျပ် (၁၀) သိန်းနှင့်အထက် ကံထူးရှင်များအား ဧပြီ ၂ ရက်တွင် စတင်၍ ထီဆုငွေထုတ်ပေးမည်ဖြစ်ပြီး ကျန်ကံထူးရှင်များ အား ဧပြီ ၁၁ ရက်တွင် စတင်လက်ခံဆောင်ရွက်ပေးမည်ဖြစ်သည့်အတွက် ဆုငွေများကို ကိုယ်တိုင်ဖြစ်စေ၊ တရားဝင်ကိုယ်စားလှယ် လွှဲပြောင်းစာဖြင့်ဖြစ်စေ ရန်ကုန်နှင့် မန္တလေးမြို့တို့ရှိ အောင်ဘာလေသိန်းဆုဌာနခွဲရုံးများ တွင်ထုတ်ယူနိုင်ပြီး ကျပ်(၁၀) သိန်းနှင့် အောက်ဆုငွေများကို ယင်းမြို့တို့ရှိ အောင်ဘာလေသိန်းဆုဌာနခွဲရုံးများအပြင် ရန်ကုန်တိုင်းဒေသကြီးပြင်ပရှိ ပြည်တွင်းအခွန်များဦးစီးဌာန၊ မြို့နယ်အခွန် ဦးစီးဌာနမှူးရုံးများတွင် ထုတ်ယူနိုင်ပါကြောင်း အောင်ဘာလေသိန်းဆုဌာနခွဲမှ သိရသည်။
မောင်လူမော်


