ထန်းတပင် ၃၀ မတ်
ရန်ကုန်မြောက်ပိုင်းခရိုင်၊ ထန်းတပင်မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ထန်းတပင်မြို့မ ပရဟိတလူငယ်အဖွဲ့တို့ ပူးပေါင်းဖွင့်လှစ်သည့် နွေရာသီ အခြေခံအင်္ဂလိပ်စာသင်တန်းကို ယနေ့ မွန်းလွဲ ၃ နာရီက မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ (အခမဲ့) ဖွင့်လှစ်ဆောင်ရွက်ခဲ့ကြသည်။
သင်တန်းဖွင့်ပွဲအခမ်းအနားတွင် မြို့နယ်အခြေခံပညာဦးစီးဌာန လက်ထောက် မြို့နယ်ပညာရေးမှူး ဦးသာကျော်က အဖွင့်အမှာစကား ပြောကြားခဲ့သည်။ ထို့နောက် အင်္ဂလိပ်စာသင်ကြားရေး ပရဟိတဆရာမ ဒေါ်ဥမ္မာထွန်းက သင်တန်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းချက်များကို ရှင်းလင်းပြောကြားခဲ့ပြီး ထန်းတပင်မြို့မ ပရဟိတလူငယ်အဖွဲ့မှ ဦးအောင်ဇေယျာဝင်းက နွေရာသီကျောင်းပိတ်ရက်များအတွင်း ကျောင်းသား၊ ကျောင်းသူ ကလေးငယ်များအချိန်ကို အကျိုးရှိစွာ အသုံးချနိုင်စေရန်နှင့် အင်္ဂလိပ်စာ အခြေခံကောင်းများ ရရှိစေရန် ရည်ရွယ်ချက်ဖြင့် သင်တန်းဖွင့်လှစ် ဆောင်ရွက်ခြင်းဖြစ်ပါကြောင်း ရှင်းလင်းပြောကြားခဲ့သည်။
အဆိုပါ သင်တန်းကို မတ် ၃၀ ရက်မှ မေ ၃၀ ရက်အထိ အပတ်စဉ် စနေနေ့နှင့် တနဂငေ်္နွနေ့တို့တွင် မွန်းလွဲ ၃ နာရီခွဲမှ ညနေ ၅ နာရီခွဲအထိ သင်ကြားပို့ချပေးသွားမည်ဖြစ်ပြီး သင်တန်းသို့ ကျောင်းသား၊ ကျောင်းသူကလေးငယ် (၃၁) ဦးတက်ရောက်ခဲ့ကြကြောင်း သိရသည်။
ဇင်မင်းထိုက်(ထန်းတပင်)


