ငဖဲ  ၃၁  မတ်

မင်းဘူးခရိုင် ငဖဲမြို့နယ် တောင်ပေါ်ဒေသ ကျေးရွာများတွင် သောက်သုံးရေ ဖူလုံစွာရရှိရေးအတွက် ဆောင်ရွက်သော စိမ့်စမ်းရေ သွယ်တန်းခြင်းလုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှုကို ယနေ့ နံနက်ပိုင်းတွင် မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ  တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။ 

စိမ့်စမ်းရေ သွယ်တန်းခြင်းလုပ်ငန်းများကို မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် မူလခွင့်ပြုငွေကျပ်သန်း ၁၅ ဒသမ ၈၉ ဖြင့် လင်းမြတ်မင်းကုမ္မဏီမှ တာဝန်ယူဆောင်ရွက်သော ပဇီကျေးရွာ စိမ့်စမ်းရေသွယ်ခြင်း ပေ ၁၀ဝ၀ဝ နှင့် ဂါလံ (၅၀ဝ၀)ဆံ့ ရေကန်တည်ဆောက်ခြင်း၊ ငွေကျပ် ၂၅ သန်းဖြင့် ဆောင်ရွက်သော ဆင်လမ်းကျေးရွာ စိမ့်စမ်းရေသွယ်ခြင်း ပေ ၁၈၀ဝ၀ နှင့် ဂါလံ(၅၀ဝ၀)ဆံ့ အများသုံးရေကန် တည်ဆောက်ခြင်း လုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှုကို တာဝန်ရှိသူများက ရှင်းလင်းပြောကြားခဲ့သည်။

အဆိုပါ စိမ့်စမ်းရေသွယ်တန်းပြီး အများသုံးရေကန်များမှ ပဇီကျေးရွာရှိ လူဦးရေ ၄၀ဝ ကျော်၊ ဆင်လမ်းကျေးရွာရှိ လူဦးရေ ၁၃၀ ကျော်နှင့် အိမ်မွေးတိရစ္ဆာန်များပါ သောက်သုံးရေဖူလုံစွာ သုံးစွဲလျက်ရှိကြောင်း သိရသည်။

မယု(ငဖဲ)