လှိုင်သာယာ   ၃၁  မတ်

ရန်ကုန်တိုင်းဒေသကြီး စည်ပင်သာယာကော်မတီအဖွဲ့ဝင်နှင့် မြို့နယ်ကော်မတီဝင်များ ရွေးချယ်မှုကို ယနေ့ နံနက်ပိုင်းက  လှိုင်သာယာမြို့နယ်အတွင်း ကျင်းပလျက်ရှိရာ ပြည်သူများ ဆန္ဒမဲများ လာရောက်ပေးခဲ့ကြကြောင်း မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ သိရသည်။

 

19

 

ထို့သို့ စည်ပင်သာယာကိုယ်စားလှယ်များ ဆန္ဒမဲပေး ရွေးချယ်ရာတွင် ရပ်ကွက်/ကျေးရွာ ဆန္ဒမဲရုံများဖွင့်လှစ်၍ ဆောင်ရွက်ပြီး မဲဆန္ဒရှင်ပြည်သူများ အေးချမ်းစွာ ဆန္ဒမဲပေးနိုင်ရေးအတွက် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ လုံခြုံရေး ရဲတပ်ဖွဲ့ဝင်များက တာဝန်ယူ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ဆန္ဒမဲပေးရာတွင် မြို့တော်စည်ပင်သာယာကော်မတီဝင် ၁ ဦး၊ မြို့နယ်စည်ပင်သာယာ ကော်မတီဥက္ကဋ္ဌနှင့်  အဖွဲ့ဝင် ၂ ဦး စုစုပေါင်း ၄ ဦးအား ရွေးချယ်ဆန္ဒမဲပေးခဲ့ကြသည်။

ယခုကျင်းပသည့် ရန်ကုန်မြို့တော် စည်ပင်သာယာကိုယ်စားလှယ် ရွေးချယ်ပွဲကို စည်ပင်သာယာဥပဒေ ပြဋ္ဌာန်းပြီးနောက် ပထမဆုံးအကြိမ် ကျင်းပသော စည်ပင်သာယာရွေးကောက်ပွဲဖြစ်သည်။ 

MDN