မန္တလေး  ၃၁  မတ်

တစ်လကို ဆိုင်ကယ်အစီးရေ  ၅၀ဝဝ ထုတ်လုပ်ဖြန့်ချိမည်ဖြစ်ကြောင်း KAMAX Group Myanmar ကုမ္ပဏီမှ သိရသည်။ 

KAMAX Group Myanmar ကုမ္ပဏီသည် မြန်မာနိုင်ငံတွင် ပထမဆုံး ဆိုင်ကယ်ထုတ်လုပ်သည့် ကုမ္ပဏီဖြစ်ပြီး လက်ရှိအချိန်တွင် တစ်လကို ဆိုင်ကယ်အစီးရေ ၃၀ဝဝ ထုတ်လုပ်နေကြောင်း သိရသည်။

"တစ်လကို အစီးရေ သုံးထောင်နှုန်း ထုတ်လုပ်ဖြန့်ချိနေပါတယ်၊ နောက်ဆိုရင် တစ်လကို ၅၀ဝဝ လောက်အထိ ထုတ်လုပ်ဖို့ ရည်မှန်းထားပါတယ်''ဟု KAMAX Group Myanmar ကုမ္ပဏီမန်နေဂျာ ဦးမျိုးသူက ပြောသည်။

KAMAX Group Myanmar ကုမ္ပဏီသည် တရုတ်နိုင်ငံမှ ဆိုင်ကယ်အစိတ်အပိုင်းများကို တင်သွင်းကာ ထုတ်လုပ်ဖြန့်ချိနေပြီး နောက်ပိုင်းတွင် ဆိုင်ကယ်အစိတ်အပိုင်းအားလုံးကို မြန်မာနိုင်ငံတွင် ထုတ်လုပ်မည်ဖြစ်ကြောင်း သိရသည်။

KAMAX Group Myanmar ကုမ္ပဏီသည် ယခုအချိန်တွင် ဆိုင်ကယ်အမျိုးအစား ၂၀ ကို ထုတ်လုပ်ဖြန့်ချိနေပြီး ကျောက်ဆည်မြို့နယ် ဘဲလင်းကျေးရွာတွင် စက်ရုံတည်ဆောက်ကာ ၂၀၁၇ မှစတင်၍ ဆိုင်ကယ်များ ထုတ်လုပ်နေခြင်း ဖြစ်သည်။

အိမို့မို့ခိုင်