တွံတေး   ၃၁  မတ်

သက်ငယ်မုဒိမ်းနှင့် အမျိုးသမီးများ အကြမ်းဖက်မှုပပျောက်ရေး အသိပညာပေးဆွေးနွေးပွဲနှင့် အခရာ Application  ဆော့ဝဲလ်အကြောင်း ရှင်းလင်းခြင်းကို ယနေ့ နံနက် ၁၀ နာရီခွဲက ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးမြို့နယ်ရှိ လူထုအခြေပြုဗဟိုဌာန၌ ကျင်းပခဲ့သည်။

 

111

 

ဆွေးနွေးပွဲတွင် တွံတေးမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်လွင်က အဖွင့်အမှာစကား ပြောကြားပြီး မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးမှူး ဦးသက်ဦးက ဆွေးနွေးပွဲ ပြုလုပ်ရခြင်း  ရည်ရွယ်ချက်များကို ရှင်းလင်းဆွေးနွေးခဲ့သည်။

ထို့နောက် အခရာအဖွဲ့မှ အကြံပေးအရာရှိ ရဲမှုး ဒေါ်ဥမ္မာရင်မီ (အငြိမ်းစား)မှ အခရာအဖွဲ့၏ လုပ်ဆောင်နေသော လုပ်ငန်းစဉ်များနှင့် အမျိုးသမီး အကြမ်းဖက်မှုအကြောင်း ဟောပြောပြီး ရတနာအဖွဲ့ဥက္ကဋ္ဌ ဒေါ်သန်းသန်းအေးက ရတနာလူမှုကူညီမှုအဖွဲ့၏ လုပ်ဆောင်နေသည့် လုပ်ငန်းစဉ်များကို ရှင်းလင်းပြောကြားခဲ့ သည်။

အခမ်းအနားတွင် မြို့နယ် အမျိုးသမီးရေးရာ အဖွဲ့အတွင်းရေးမှူး ဒေါ်သန်းသန်းအေး က မိမိတို့၏ လုပ်ဆောင်ချက်များနှင့် ပြည်သူ့အကျိုးပြုလုပ်ငန်း ဆောင်ရွက်ချက်များကို လည်းကောင်း၊ အခရာအဖွဲ့မှ Case Manager မှ အခရာ Application Software အကြောင်းတို့ကို ရှင်းလင်းပြောကြားပြီး တက်ရောက်လာသော အမျိုးသမီးများအား မိုဘိုင်လ်ဖုန်းအတွင်း ဆော့ဝဲလ်ထည့်ပေးခြင်း၊ လက်တွေ့အသုံးပြုနည်းများကို လမ်းညွှန် ပြသခဲ့ကြောင်း သိရသည်။ 

ဆွေးနွေးပွဲသို့ အမျိုးသမီး ၅၀ ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။

မျိုးလှိုင်(တွံတေး)