ကြာအင်းဆိပ်ကြီး ၃၁ မတ်
သင်္ကြန်ကာလအတွင်း ပြည်သူများ စိတ်ချမ်းသာစွာ ဆင်နွှဲနိုင်စေရေးနှင့် မှုခင်းဆိုင်ရာ ပြဿနာများ မဖြစ်ပေါ်စေရေး ရည်ရွယ်၍ သင်္ကြန်အကြို မှုခင်းပညာပေးခြင်းကို ယနေ့ နံနက်ပိုင်းက ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ်အတွင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ ဆောင်ရွက်ရာတွင် တံခွန်တိုင် ခေတ္တနယ်မြေရဲစခန်းမှူး ရဲအုပ်စောကျော်လင်းနိုင်၊ ရဲတပ်ဖွဲ့ဝင်များနှင့် ပူးပေါင်းအဖွဲ့ဝင်များက ကျေးရွာများအတွင်းရှိ နေအိမ်များနှင့် ဈေးဆိုင်များတွင် သင်္ကြန်ကာလအတွင်း မူးယစ် သောက်စားပြီး ခိုက်ရန်ဖြစ်ပွားမှု မရှိစေရေး၊ မူးယစ်ဆေးဝါးနှင့် ကာမစိတ်ကြွဆေးများ ရောင်ချခြင်းမရှိရေး စသည်များကို အကြိုမှုခင်း ပညာပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
နေမျိုးလွင်(ပြန်/ဆက်)


