ပုဇွန်တောင်  ၃၁ မတ်

 

ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ ရွေးကောက်ပွဲကို ယနေ့ နံနက် ၆ နာရီမှစ၍ တိုင်းဒေသကြီးအတွင်း မဲဆန္ဒနယ်အလိုက် တစ်ပြိုင်နက်တည်း ကျင်းပရာ ပုဇွန်တောင်မြို့နယ်အတွင်းရှိ မဲရုံများတွင် မဲဆန္ဒရှင်ပြည်သူများ လွတ်လပ်စွာ ဆန္ဒမဲပေးခဲ့ကြကြောင်း သိရသည်။

 

ေ

 

ထိုသို့ ဆန္ဒမဲများပေးရာတွင် မဲဆန္ဒရှင်တစ်ဦးလျှင် မြို့တော်စည်ပင်ကော်မတီလောင်းအတွက် ဆန္ဒမဲ (၁)မဲ၊ မြို့နယ် စည်ပင်ကော်မတီဥက္ကဋ္ဌလောင်းအတွက် ဆန္ဒမဲ (၁)မဲ၊ မြို့နယ် အဖွဲ့ဝင်(၁)အတွက် (၁)မဲ၊ စုစုပေါင်း (၃)မဲကို သက်ဆိုင်ရာ ရပ်ကွက်အလိုက် မဲရုံများတွင် လွတ်လပ်စွာ ဆန္ဒမဲပေးခဲ့ကြသည်။

 

ေ

  

 

ပုဇွန်တောင်မြို့နယ်အတွင်းရှိ ရပ်ကွက်(၁၀)ခုတွင် မဲရုံ (၂၆)ရုံ ဖွင့်လှစ်ထားပြီး ဆန္ဒမဲပေးခွင့်ရှိသူ ၂၈၇၀၇ ဦးရှိကာ ဆန္ဒမဲပေးပိုင်ခွင့်ရှိသည့် မဲဆန္ဒရှင် ပြည်သူများသည် မဲရုံစတင်ဖွင့်လှစ်သည့် နံနက် ၆ နာရီ မတိုင်မီကပင် သက်ဆိုင်ရာ မဲရုံအသီးသီးသို့ စုဝေးရောက်ရှိလာကြပြီး မဲရုံဖွင့်လှစ်ချိန်မှစ၍ မိမိတို့နှစ်သက်ရာ ကိုယ်စားလှယ် လောင်းများကို လွတ်လပ်စွာ ဆန္ဒမဲပေးရွေးချယ်ကြသည်။

 

ိ

 

မဲရုံများတွင် ဆန္ဒမဲပေးကြသည့် မဲဆန္ဒရှင်ပြည်သူများ စနစ်တကျ လွတ်လပ်စွာ ဆန္ဒမဲပေးနိုင်ရေးအတွက် မြို့နယ် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲမှ တာဝန်ရှိသူများ၊ ရပ်ကျေးကော်မရှင်အဖွဲ့နှင့် မဲရုံမှူးများ၊ အဖွဲ့ဝင်များက လိုအပ်သည်များကို ကူညီဆောင်ရွက်ပေးခဲ့ကြောင်း မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ သိရသည်။

 

MDN

 

ေ