ကျုံပျော်   ၃၁  မတ်

 

ဧရာဝတီတိုင်းဒေသကြီး ကျုံပျော်မြို့ ပင်လုံရပ်ကွက်ရှိ ဝိဇာတရတနာ ကျန်းမာရေး အထောက်အကူပြု ဆေးခန်းတွင် ယနေ့ နံနက်ပိုင်းက အထူးကုဆရာဝန်ကြီးများ ဦးဆောင်သော ကုသိုလ်ဖြစ်(အခမဲ့) နယ်လှည့်ဆေးကုသရေးအဖွဲ့မှ ပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

 

ေ

 

ထိုသို့ဆောင်ရွက်ရာတွင် အထွေထွေရောဂါ အထူးကုသမားတော် ဒေါက်တာဒေါ်အေးအေးမြင့်၊ မီးယပ်နှင့် သားဖွားရောဂါ အထူးကု ဒေါက်တာပေါ်မြင့်နှင့် ဒေါက်တာဇော်ဝင်း၊ ကလေးရောဂါအထူးကု၊ ကျောက်ကပ်နှင့် ဆီလမ်းကြောင်းရောဂါ ခွဲစိတ်အထူးကု၊ အရေပြားရောဂါ အထူးကု၊ အဆုတ်နှင့် ရင်ခေါင်းရောဂါ အထူးကု၊ ကူးစက်ရောဂါ အထူးကု စသည့် ဆရာဝန်ကြီးများက လာရောက်ပြသကြသည့် လူနာများအား ကျန်းမာရေးစောင့်ရှောက်မှုများ အခမဲ့ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

 

နေဝင်မြင့် (ပြန်/ဆက်)

န