ရန်ကုန် ၃၁ မတ်
ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ အဆင့်ဆင့်ရွေးကောက်တင်မြှောက်ပွဲကို ယနေ့ နံနက်ပိုင်းမှစတင်ပြီး သက်ဆိုင်ရာ မဲဆန္ဒနယ်အသီးသီး၌ ကျင်းပလျက်ရှိရာ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နှင့် ဇနီးဒေါ်ချိုချို မိသားစုတို့သည် ယနေ့နံက် ၈ နာရီတွင် တာမွေမြို့နယ် ကျားကွက်သစ် ရပ်ကွက်ရှိ အမှတ်(၃)မဲရုံ၌ လာရောက်ဆန္ဒမဲပေးကြသည်။
ထို့သို့ ဆန္ဒမဲပေးရာတွင် ရန်ကုန်မြို့တော် စည်ပင်သာယာ ရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင် ဦးခင်မောင်ကျော်၊ တာမွေမြို့နယ် စည်ပင်သာယာ ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးမြင့်သိန်းနှင့် တာဝန်ရှိသူများက လိုအပ်သည်များကို ဆောင်ရွက်ပေးကြသည်။
(သတင်းစဉ်)


