ဖောင်းပြင်   ၃၁  မတ်

စစ်ကိုင်းတိုင်းဒေသကြီး ဖောင်းပြင်မြို့နယ်တွင် မတ် ၃၀ ရက်က ကုန်းမြင့်ဒေသ ကော်ဖီမျိုးခွဲများကို ဒေသကိုက်ညီမှု ရှိ မရှိ စမ်းသပ်စိုက်ပျိုးခဲ့ကြောင်း သိရသည်။

 

555

 

ထိုသို့ ကော်ဖီမျိုးခွဲများ စမ်းသပ်စိုက်ပျိုးခြင်းကို ဖောင်ပြင်မြို့နယ်   စိုက်ပျိုးရေးဦးစီးဌာနရုံးတွင် ပြုလုပ်ခဲ့ပြီး  ကော်ဖီပျိုးပင်အား စိုက်ပျိုးနည်းနှင့် ကုန်းမြင့်ဒေသ ကော်ဖီပျိုးပင် အမျိုးအစား (H-528) နှစ်ပင်၊ (S- 759) နှစ်ပင်တို့အား တိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနမှ တာဝန်ရှိသူများက လက်တွေ့စိုက်ပျိုးပြသ ပေးခဲ့ကြသည်။

ထို့နောက် စစ်ကိုင်းတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီဌာနက  (SL-34)1kg ပါ ကော်ဖီမျိုးစေ့ထုတ်အား မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနသို့ ပေးအပ်ပြီး ဖောင်ပြင်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနရုံးမှ ဝန်ထမ်းများက ကျန်ရှိသော ကုန်းမြင့်ဒေသ ကော်ဖီပျိုးပင်များကို စမ်းသပ်စိုက်ပျိုးခဲ့ကြသည်။

ထိုသို့ စမ်းသပ်စိုက်ပျိုးခြင်းသည် သစ်တောထိန်းသိမ်းရေးအတွက် တစ်ဖက်တစ်လမ်းကနေ အထောက်အကူပြု နိုင်ခြင်း၊ သစ်တောနှင့် တွဲဖက်စိုက်ပျိုးနိုင်သည့် ကုန်းမြင့်ကော်ဖီမျိုးခွဲများကို ဒေသနှင့် ကိုက်ညီမှု ရှိမရှိ စမ်းသပ်စိုက်ပျိုး ပြသခြင်းဖြစ်ကြောင်း သိရသည်။

ထွန်းကိုကို(ယင်းမာပင်)