မန္တလေး   ၃၁  မတ်

မန္တလေးတိုင်းဒေသကြီးတွင် လစဉ်နောက်ဆုံးပတ်တွင် ကျင်းပလျက်ရှိသည့် (၃၄)ကြိမ်မြောက် လူထုစုပေါင်း စက်ဘီးစီးနင်းပွဲကို ယနေ့ နံနက် ၅ နာရီခွဲက မန္တလေးမြို့ ကျုံးတောင်ဘက် ၂၆ လမ်းရှိ မြို့တော်စည်ပင်ရုံးရှေ့ စုရပ်နေရာ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။

စုပေါင်းစက်ဘီးစီးနင်းပွဲတွင် မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်က အချက်ပြ သေနတ်ပစ်ဖောက်၍ တာလွှတ်ပေးခဲ့ပြီး တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များ၊ တာဝန်ရှိသူများ၊ စက်ဘီးစီးကလပ်အသင်းများမှ စက်ဘီးအားကစားသမားများ၊ အားကာသိပ္ပံမှ စက်ဘီးစီးသမား ကျောင်းသား ကျောင်းသူများနှင့် စက်ဘီးဝါသနာရှင် ပြည်သူများ စုစုပေါင်း ၁၇၀ ကျော်တို့ ပါဝင်ဆင်နွှဲခဲ့ကြသည်။

အဆိုပါ ပြည်သူလူထု စုပေါင်းစက်ဘီးစီးနင်းပွဲကို လစဉ် လနောက်ဆုံးပတ် တနင်္ဂနွေနေ့တွင် ကျင်းပလျက်ရှိပြီး မည်သူမဆို အကန့်အသတ်မရှိ မည်သည့်စက်ဘီးနှင့်မဆို ပါဝင်စီးနင်းဆင်နွှဲနိုင်ကြောင်း သိရသည်။

အဆိုပါ စုပေါင်းစက်ဘီးစီးနင်းပွဲကို စက်ဘီးစီးအားကစားနည်းကို ပြည်သူလူတုတစ်ရပ်လုံး စိတ်ပါဝင်စားလာစေရန်၊ စက်ဘီးစီးနည်းခြင်းဖြင့် တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်လာစေရန် ရည်ရွယ်၍ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ လမ်းညွှန်မှုဖြင့် မြန်မာနိုင်ငံ စက်ဘီးအဖွဲ့ချုပ်နှင့် မန္တလေးတိုင်း အားကစားနှင့် ကာယပညာဦးစီးဌာနတို့ ကြီးမှူးကျင်းပခြင်း ဖြစ်ကြောင်း သိရသည်။

တင်မောင်(မန်းကိုယ်ပွား)