သထုံ   ၃၁  မတ်

မွန်ပြည်နယ်၊ သထုံမြို့နယ်အတွင်း ပြီးခဲ့သည့်နှစ် မိုးရာသီကာလ၌ ရေကြီးနစ်မြုပ်မှုကြောင့် ပျက်စီးဆုံးရှုံးသွားသည့် မိုးစပါးစိုက်ဧက ၄၈၁၀ ဧကအတွက် ထောက်ပံ့ငွေ ပေးအပ်ပွဲအခမ်းအနားကို ယနေ့ မွန်းလွဲ ၁ နာရီက သထုံမြို့နယ်၊ သုဝဏ္ဏဝတီမြို့ရှိ အထက(ကျိုက္ကော်)ကျောင်း ရွှေရတုခန်းမ၌ ပြုလုပ်ခဲ့သည်။

 

1

 

အခမ်းအနားတွင် မွန်ပြည်နယ် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီး ဦးထွန်းဌေးက အဖွင့်အမှာစကား ပြောကြားပြီး ပြည်နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးကြည်စိုးက ပျက်စီးမှုအပေါ် ထောက်ပံ့ငွေ ပေးအပ်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။

 

111

 

ယင်းနောက် ပြည်နယ်ဝန်ကြီးနှင့် တာဝန်ရှိသူတို့က မိုးစပါးစိုက်ဧကများ ပျက်စီးခဲ့သည့် ကျေးရွာအုပ်စု ၈ အုပ်စုတို့မှ တောင်သူများအတွက် ပြည်ထောင်စုအစိုးရအဖွဲ့၏ အရေးပေါ်ရန်ပုံငွေမှ ခွဲဝေထောက်ပံ့သည့် တစ်ဧကလျှင် တစ်သောင်းကျပ်နှုန်းဖြင့် ၄၈၁၀ ဧကအတွက် ငွေကျပ် ၄၈၁ သိန်းကို ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

သက်ဦး(သထုံ)