ရန်ကုန် ၃၁ မတ်
ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ အဆင့်ဆင့်ရွေးကောက်ပွဲကို ယနေ့ နံနက် ၆ နာရီမှစ၍ တိုင်းဒေသကြီးအတွင်း မဲဆန္ဒနယ်အလိုက် တစ်ပြိုင်နက်တည်း ကျင်းပရာ တောင်ဥက္ကလာပမြို့နယ်အတွင်းရှိ မဲရုံများသို့ မဲဆန္ဒရှင်ပြည်သူများ လာရောက်၍ လွတ်လပ်စွာ ဆန္ဒမဲပေးခဲ့ကြကြောင်း သိရသည်။
ထိုသို့ ဆန္ဒမဲများလာရောက်ပေးရာတွင် တောင်ဥက္ကလာပမြို့နယ်အတွင်းရှိ ရပ်ကွက်(၁၃)ခု အတွင်း မဲရုံပေါင်း (၇၄)ရုံ ဖွင့်လှစ်ခဲ့ပြီး ကိုယ်စားလှယ်လောင်း (၁၀)ဦးရှိကာ မဲဆန္ဒရှင် (၁၀၆၁၇၂)ဦးရှိကြောင်း သိရသည်။
လင်းလင်းထွန်း(ပြန်/ဆက်)


