မန္တလေး ၃၁ မတ်
တစ်လကို ဆိုင်ကယ်အစီးရေ ၅၀ဝ၀ ထုတ်လုပ်ဖြန့်ချိမည်ဖြစ်ကြောင်း KAMAX Group Myanmar ကုမ္ပဏီမှ သိရသည်။
KAMAX Group Myanmar ကုမ္ပဏီသည် မြန်မာနိုင်ငံ တွင်ပထမဆုံး ဆိုင်ကယ်ထုတ်လုပ်သည့် ကုမ္ပဏီဖြစ်ပြီး လက်ရှိအချိန်တွင် တစ်လကို ဆိုင်ကယ်အစီးရေ ၃၀ဝ၀ ထုတ်လုပ်နေကြောင်း သိရသည်။
"တစ်လကို အစီးရေ သုံးထောင်နှုန်း ထုတ်လုပ်ဖြန့်ချိနေပါတယ်၊ နောက်ဆိုရင် တစ်လကို ၅၀ဝ၀ လောက်အထိ ထုတ်လုပ်ဖို့ ရည်မှန်းထားပါတယ်''ဟု KAMAX Group Myanmar ကုမ္ပဏီမန်နေဂျာ ဦးမျိုးသူက ပြောသည်။
KAMAX Group Myanmar ကုမ္ပဏီသည် တရုတ်နိုင်ငံမှ ဆိုင်ကယ်အစိတ်အပိုင်းများကို တင်သွင်းကာ ထုတ်လုပ်ဖြန့်ချိနေပြီး နောက်ပိုင်းတွင် ဆိုကယ်အစိတ်အပိုင်းအားလုံးကို မြန်မာနိုင်ငံတွင် ထုတ်လုပ်မည်ဖြစ်ကြောင်း သိရသည်။ ယခုအချိန်တွင် ဆိုင်ကယ်အမျိုးအစား ၂၀ ကို ထုတ်လုပ်ဖြန့်ချိနေကြောင်း သိရသည်။
KAMAX Group Myanmar ကုမ္ပဏီသည် ကျောက်ဆည်မြို့နယ် ဘဲလင်းကျေးရွာတွင် စက်ရုံတည်ဆောက်ထားပြီး ၂၀၁၇ ခုနှစ်က စတင်ကာ ဆိုင်ကယ်များထုတ်လုပ်ခဲ့သည်။
အိမို့မို့ခိုင်


