ရန်ကုန်  ၃၁  မတ်     

 

၂၀၁၉ ခုနှစ် မတ်လ ၃၁ ရက်နေ့တွင် ကျင်းပသည့် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီအဆင့်ဆင့်ရွေးကောက်ပွဲကို ယနေ့နံနက် ၆ နာရီမှ စတင်၍ ရန်ကုန်တိုင်းဒေသကြီး စည်ပင်သာယာနယ်နမိတ်အတွင်းရှိ မြို့နယ်ပေါင်း(၃၃)မြို့နယ်၌ တစ်ပြိုင်နက် ကျင်းပပြုလုပ်လျက်ရှိရာ ဒလမြို့နယ်အတွင်းရှိ ရပ်ကွက်နှင့် ကျေးရွာများ၌ မဲရုံပေါင်း(၁၈၀)တွင်  မဲဆန္ဒရှင်ပြည်သူများ သက်ဆိုင်ရာ မဲရုံအသီးသီးသို့ လာရောက်ဆန္ဒမဲပေးကြကြောင်း သိရသည်။

 

ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ အဆင့်ဆင့်ရွေးကောက်ပွဲတွင် ဒလမြို့နယ်၌ ကိုယ်စားလှယ်(၆)ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး မဲပေးပိုင်ခွင့်ရှိသူ (၈၇၀ဝ၂) ဦးရှိပြီး၊ မဲရုံပေါင်း (၁၈၀) ရုံထားရှိကြောင်း မြို့နယ်စည်ပင်သာယာရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ သိရသည်။

 

မဲရုံများတွင် ဆန္ဒမဲလာရောက်ပေးသူများ စနစ်တကျ လွတ်လပ်စွာ ဆန္ဒမဲပေးနိုင်ရေးအတွက် မြို့နယ်စည်ပင်သာယာရွေးကောက်ပွဲကော်မရှင်အဖွဲ့မှ တာဝန်ရှိသူများ၊ မဲရုံမှူးများနှင့် ဒုမဲရုံမှူးများ၊ မဲရုံအဖွဲ့ဝင်များက လိုအပ်သည်များကို ကူညီဆောင်ရွက်ပေးလျက်ရှိသည်။

 

ညနေ ၄ နာရီတွင် မဲရုံမှူး၊ ဒုမဲရုံမှူးများနှင့် အဖွဲ့ဝင်များသည် မဲပုံးများကို ဖွင့်ဖောက်၍ ခိုင်လုံမဲနှင့် ပယ်မဲတို့ကို စနစ်တကျရေတွက်ကြပြီး သက်ဆိုင်ရာ မှတ်တမ်းစာအုပ်များ၌ မှတ်တမ်းရေးသွင်းကြသည်။ မြို့နယ်စည်ပင်သာယာရွေးကောက်ပွဲတွင် လေ့လာစောင့်ကြည့်သူများမှ သက်ဆိုင်ရာ မဲရုံများအလိုက် လာရောက်ကြည့်ရှုလေ့လာခဲ့ကြကြောင်း သိရသည်။

 

သတင်းနှင့်ဓာတ်ပုံ-နိုင်လင်းကျော်(ဒလ)

 

11