ကလော ၃၁ မတ်
ရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီးခရိုင်၊ ကလောမြို့နယ် အောင်ပန်းမြို့တွင် ဗိုလ်မှူးကြီးဗထူး ကျောက်တိုင်မြေနေရာနှင့် ဒီဇိုင်းပုံစံ အတည်ပြု သတ်မှတ်နိုင်ရေးအတွက် အောင်ပန်းမြို့ ပြည်သူလူထုတက်ရောက်ဆွေးနွေးပွဲကို မတ်လ ၃၁ ရက်နေ့ နံနက် ၁၀ နာရီအချိန် အောင်ပန်းမြို့ စည်ပင်သာယာရေးကော်မတီရုံး၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ရှမ်းပြည်နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးသန်းထိုက်က အမှာစကားပြောကြားပြီး ကလောမြို့နယ် စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးခင်မင်းနှင့် မြို့နယ်လမ်းဦးစီးဌာန ဦးစီးအရာရှိ ဒေါ်အမ်ဗီကာတို့က အမှာစကားပြောကြားခဲ့သည်။
ထို့နောက်ဆွေးနွေးပွဲကို တက်ရောက်လာသည့် အောင်ပန်းမြို့ မြို့မိ/ မြိုဖများနှင့် အောင်ပန်းမြို့ပေါ် ရပ်ကွက်အုပ်ချုပ်ရေးမှူးများ ဒေသခံပြည်သူလူထုတို့က ဗိုလ်မှူးကြီးဗထူး ကျောက်တိုင်မြေနေရာနှင့် တည်ဆောက်မည့် ဒီဇိုင်းပုံစံအား မိမိဖြစ်စေချင်သော ဆန္ဒများကို ထုတ်ဖော်ဆွေးနွေးတင်ပြကြသည်။
ထို့နောက် ပြည်သူလုထု၏ ဆွေးနွေးချက်များအပေါ် ကလောမြို့ စည်ပင်သာယာရေးဥက္ကဋ္ဌ ဦးရှိန်ကြည် က ဗိုလ်မှူးကြီးဗထူး ကျောက်တိုင်မြေနေရာ အများသဘောတူအတည်ပြုသတ်မှတ်ပေးရန် ဆန္ဒမဲခွဲစနစ်ဖြင့် ဆုံးဖြတ်ရာ ဗိုလ်မှူးကြီးဗထူးပန်းခြံတွင် တည်ဆောက်ချင်သူ ဆန္ဒမဲ (၄)ဦးရှိပြီး ယခင်တည်ရှိခဲ့သောဗိုလ်မှူးကြီးဗထူး ကျောက်တိုင်ဘေး အောင်ပန်းမြို့အတွင်းမှ အသုံးပြုသည့်လမ်းတိုတစ်ခု မှာ (၄)လမ်းသွားလမ်းခင်းရာ၌ အသုံးပြုမရသည့်မြေနေရာအား အများဆုံးထောက်ခံ သဘောတူ ဆန္ဒမဲပေးကြ၍ ယင်းနေရာကို အတည်ပြုခဲ့ကြောင်း သိရသည်။
ဗိုလ်မှူးကြီးဗထူး ကျောက်တိုင် ဒီဇီုင်းပုံစံအား ရှေးမူမပျက် ခန့်ခန့် ညားညားဖြစ်စေရန် အင်ဂျင်နီယာ အတတ်ပညာ စံချိန်စံညွှန်းနှင့်အညီ အများသဘောတူပုံစံတည်ဆောက်သွားမည်ဖြစ်ကြောင်း မြို့နယ်ပြန်/ဆက်မှ သိရသည်။
MDN


